သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၄)နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၃-၃-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ပါသည်။
အစီအစဉ်ပထမပိုင်းတွင် နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိ တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများ၊ နေ့စားဝန်ထမ်းများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
အစီအစဉ်ဒုတိယပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ရုံးတက်ရက်မှန်ဆုရရှိ သည့် အရာထမ်း၊ အမှုထမ်း(၁၀)ဦးအား ရုံးတက်ရ က်မှန်ဆုချီးမြှင့်ခြင်း၊ ပါမောက္ခချုပ်ဦးဆောင်၍ ဌာနမှူးများက ချီးမြှင့်သည့် တစ်ဆုလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် အထူးဆု(၃၅)ဆုအား ကံစမ်း မဲဖောက်ပေးခြင်း၊ ဝန်ထမ်းများ၏ လက်ဆောင်များအား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်း၊ အရာထမ်း၊ အမှုထမ်းများက အဆို၊အကများ ဖြင့် ဖျော်ဖြေခြင်း၊ စုပေါင်းသီဆိုကပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၅ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။
![]()