အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမ နှစ်ဝက်စာမေးပွဲကို ၁၆-၃-၂၀၂၆ ရက်နေ့မှ ၂၅-၃-၂၀၂၆ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စတုဒီသာကျွေးမွေးခြင်း အစီအစဉ်ကို ၂၅-၃-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှ စတင်၍ တက္ကသိုလ်စာကြည့်တိုက်ဘေးရှိ Open Stage area တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်
ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ နေ့လယ်စာ ထမင်း၊ ဟင်း၊ မုန့်လုံးရေပေါ်နှင့် ရွှေရင်အေး စတုဒီသာတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ပညာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံရေးရာ၊ သင်တန်းရေးရာဌာနမှ ဝန်ထမ်းများက အဆို၊အကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပညာဌာနများမှ ဆရာမများ၊ ဝန်ထမ်းများက စုပေါင်းအကဖြင့် တင်ဆက်ခဲ့ကြကာ စတုဒီသာပွဲကို ရုပ်သိမ်းခဲ့ပါသည်။
![]()