အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်း (၂) ခု အတွက်အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်း (၂)ခု အတွက် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ၂၄.၃.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစီအစဉ်အရ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကားပြောကြားပါသည်။ ဆက်လက်၍  ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်းများ၏ အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးလှခိုင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍မဉ္ဇူဆောင်(ကျောင်းသူအိပ်ဆောင်) အကြီးစားပြုပြင်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ် အလိုက် ဆောင်ရွက်ပြီးစီးမှုများအား လာဘဆောက်လုပ်ရေးနှင့်နှင့် အရည်အသွေးစစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များအား ဓနအလင်းရောင်ကုမ္ပဏီတို့က ရှင်းလင်းတင်ပြပြီး ကံ့ကော်ဆောင် (စာသင်ဆောင်) ပြုပြင်ခြင်းလုပ်ငန်း၏ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ပြီးစီးမှုများအား လာဘ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအား Professional Quality Engineering Co., Ltd တို့က ရှင်းလင်းတင်ပြကြပါသည်။

          ထို့နောက် အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်း(၂)ခု၏ လုပ်ငန်းပြီးစီးမှုအခြေအနေများအား လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကြပါသည်။

          ဆက်လက်၍ အစည်းအဝေးခန်းမတွင် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ အဖွဲ့ဝင်များကဆွေးနွေးခဲ့ကြပြီး အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading