စာကြည့်တိုက်၏အဓိကလုပ်ငန်းတာဝန်များ
| ၁။ | ပြည်တွင်းပြည်ပက ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုကို စုဆောင်း ထိန်းသိမ်းသော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း၊ |
| ၂။ | ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်း များကို ပြည့်စုံစွာရရှိအောင်စုဆောင်းထိန်းသိမ်းခြင်း၊ |
| ၃။ | အမျိုးသားစာစုစာရင်း (National Bibliography ) ကိုပြုစုထုတ်ဝေခြင်း၊ |
| ၄။ | စာကြည့်တိုက်အချင်းချင်းဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကိုပြုလုပ်ခြင်း၊ |
| ၅။ | နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ |
| ၆။ | ပြည်သူလူထုအား စာကြည့်တိုက်နှင့်သုတပညာနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ |
| ၇။ | အရှေ့တောင်အာရှဒေသမှ စာစုများကိုရယူစုဆောင်း၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း၊ |
| ၈။ | မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏စာနယ်ဇင်းအညွှန်းများ(Periodical Indexes) ကို ပြုစုထုတ်ဝေခြင်း၊ |
| ၉။ | နိုင်ငံ၏စာကြည့်တိုက်နှင့် သုတပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက် နည်းစနစ်များကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေးအတွက် “စံ” သတ်မှတ်ကာပြုစု ထုတ်ဝေခြင်း၊ |
| ၁၀။ | အရှေ့တောင်အာရှဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network) နှင့် နိုင်ငံတကာကွန်ယက်စနစ် (Internet) တွင် ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက်ဆိုင်ရာ နည်းပညာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ |
| ၁၁။ | ကလေးစာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်း။ |
![]()