ဖွဲ့စည်းပုံ
အမျိုးသားစာကြည့်တိုက်(နေပြည်တော်) သည် ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း (၁၀) ဦးနှင့် အမှုထမ်း (၄၀) ဦး စုစုပေါင်း (၆၀) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားစာကြည့်တိုက်၏ ညွှန်ကြားရေးမှူးက စာကြည့်တိုက် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
ညွှန်ကြားရေးမှူးများ
| ၁။ | ဦးသန်းမောင် | (၁၉၅၂-၁၉၅၅) |
| ၂။ | ဒေါ်ညွန့်မြင့် | (၁၉၅၅-၁၉၇၁) |
| ၃။ | ဒေါ်သန်းသန်းအေး | (၁၉၇၁-၁၉၈၈) |
| ၄။ | ဦးကြိုင်လှိုင် | (၁၉၈၈-၁၉၈၉) |
| ၅။ | ဦးခင်မောင်တင် | (၁၉၈၉-၁၉၉၈) |
| ၆။ | ဦးမြင့်ကြိုင် | (၁၉၉၈-၂၀၀၁) |
| ၇။ | ဦးကျော်ဦး | (၂၀၀၁-၂၀၁၀) |
| ၈။ | ဒေါ်မြဦး | (၂၀၁၀-၂၀၁၇ ဧပြီလ) အမျိုးသားစာကြည့်တိုက် (ရန်ကုန်) |
| ၉။ | ဦးမြင့်ဇော် | (၂၀၁၃) အမျိုးသားစာကြည့်တိုက် (နေပြည်တော်) |
| ၁၀။ | ဒေါက်တာကေသီထွေး | (၂၀၁၃-၂၀၁၇ဧပြီလ) အမျိုးသားစာကြည့်တိုက် (နေပြည်တော်) |
| ၁၁။ | ဒေါ်မြဦး | (၂၀၁၇-ယခုအထိ) အမျိုးသားစာကြည့်တိုက် (နေပြည်တော်) |
| ၁၂။ | ဒေါက်တာကေသီထွေး | (၂၀၁၇- ၂၀၁၈) အမျိုးသားစာကြည့်တိုက် (ရန်ကုန်) |
| ၁၃။ | ဒေါ်ရီရီထွေး | (၂၀၁၈-ယခုချိန်ထိ) အမျိုးသားစာကြည့်တိုက် (ရန်ကုန်) |
မျှော်မှန်းချက်
“မြန်မာ့အမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာန ဖြစ်စေရန်”
ရည်ရွယ်ချက်
| ၁။ | ပြည်တွင်းထုတ်၊ ပုံနှိပ်စာများနှင့် လက်ရေးစာများကို ပြည့်စုံစွာ စုဆောင်းထိန်းသိမ်း စောင့်ရှောက်၍ သုတေသီများနှင့် ပြည်သူများ ရည်ညွှန်းကိုးကား အသုံးပြုနိုင်စေရန်၊ |
| ၂။ | မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းစာပေများ၊ ပြည်ပထုတ် မြန်မာနိုင်ငံဆိုင်ရာ စာစုများကို ပြည့်စုံစွာ စုဆောင်းထိန်းသိမ်းစောင့်ရှောက်၍ သုတေသီများနှင့် ပြည်သူများ ရည်ညွှန်း ကိုးကားအသုံးပြုနိုင်စေရန်၊ |
| ၃။ | နိုင်ငံလုံးဆိုင်ရာစာကြည့်တိုက်စနစ်ကို ဦးစီးဦးဆောင်ပြုရန်။ |
![]()