ပြည်ထောင်စုနေ့အခမ်းအနား
လွတ်လပ်ရေးနေ့အခမ်းအနား
26-2-2017 NUAC Orchestra
25-2-2017 My Yangon My home Arts festival
23-5-2017 Vietnam paint exhibition
နိုင်ငံတော်ကကြီးမှူးကျင်းပသည့် အခမ်းအနားများတွင် ဖျော်ဖြေတင်ဆက်မှုများ
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ (၁၀-၁၂-၂၀၁၈ မှ ၁၉-၁၂-၂၀၁၈)
https://www.youtube.com/watch?v=GDZnWc4Ayo0
23rd Graduation Performance Part 2
ရှင်သန်ခြင်းအိပ်မက်(၂) “နတ်ချင်းအက”
အဲဒီခေတ်မှာ ကိုးကွယ်ယုံကြည်မှုအဖြစ် ထေရဝါဒဗုဒ္ဓဘာသာနဲ့ အခြားကိုးကွယ်ယုံကြည်မှုတွေရှိနေခဲ့ပါတယ်။ အဲဒီလိုပဲ နတ်ကိုးကွယ်ယုံကြည်မှုများလည်း ရှိနေခဲ့ကြတယ်။ မိရိုးဖလာနတ်ကိုးကွယ်ယုံကြည်မှုကို အကြောင်းပြုပြီး ဝန်ကြီးပဒေသရာဇာဟာ နတ်ချင်းအိပ်မက်များကို ရှင်သန်စေခဲ့တယ်။ နတ်ချင်းတေးသံတွေနဲ့ “နတ်ချင်းအက”တွေဟာ အဲဒီခေတ်ရဲ့ အိပ်မက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။
https://www.youtube.com/watch?v=iiJfj4lcTB4
ရှင်သန်ခြင်းအိပ်မက်(၃) ညောင်ရမ်းခေတ်တွင် တေးပြုစာဆို
တရုတ်ဝန် ရေးသားခဲ့သော “နှုန်းနန်းထောက်စာ ကြိုးသီချင်း”
(မြန်မာ့ဂီတရဲ့ရှင်သန်မှုဟာ
ညောင်ရမ်းခေတ်မှာတော့
အညွန့်တလူလူနဲ့
အပင်ပေါက်ကလေး အဖြစ်
သက်ဝင်ရှင်သန်လာခဲ့ပါတယ်။
ဒီလိုသက်ဝင်ရှင်သန်မှုထဲမှာမှ
အဲဒီခေတ်ရဲ့တေးပြုစာဆို
တရုတ်ဝန်မက်ခဲ့တဲ့
အိပ်မက်က
သက်သေခံနေခဲ့ပြန်တယ်။
အဲဒီအိပ်မက်ကတော့
“နှုန်းနန်းထောက်စာ”
ကြိုးသီချင်းပဲပေါ့။)
https://www.youtube.com/watch?v=OwybllHPyQw&t=14s
ရှင်သန်ခြင်းအိပ်မက်(၁)
ဝန်ကြီးပဒေသရာဇာ၏ “ပုစဉ်းတောင်သံကြိုး”
အိပ်မက်တွေမက်ခဲ့ကြတယ် .
. . ။
တစ်ချို့အိပ်မက်တွေက ဆပ်ပြာပူဖောင်းပမာ လွင့်စင်ပျောက်ပြယ်သွားတယ်။
တစ်ချို့အိပ်မက်တွေကတော့ သမိုင်းတွင်တဲ့အိပ်မက်တွေ ဖြစ်လာခဲ့တယ်။ ဒီလိုမက်ခဲ့တဲ့
အိပ်မက်တွေထဲမှာ အနုပညာနဲ့ပတ်သက်တဲ့ အိပ်မက်တွေပါဝင်ခဲ့တာပေါ့။ အနုပညာရှင်တွေ
မက်ခဲ့တဲ့ အိပ်မက်တွေဟာ ဆပ်ပြာပူဖောင်းအသွင် ပျောက်ကွယ်မသွားဘဲ သမိုင်းတွင်ခဲ့ပါတယ်။
ဒုတိယအင်းဝခေတ်လို့ခေါ်တဲ့ ညောင်ရမ်းခေတ်မှာ ဝန်ကြီးပဒေသရာဇာဟာ မြန်မာ့ဂီတရဲ့
အဦးအစလို့ ပြောလို့ရတဲ့ “တံ၊ တျာ၊ တေ၊ ရှင်” အစချီ
“ပုစဉ်းတောင်သံကြိုး” ဆိုတဲ့ အိပ်မက်ဦးကို စတင်မက်ခဲ့တယ်။
ဒီအိပ်မက်ဟာ
မြန်မာဂီတရဲ့ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို စတင်ပန္နက်ချ တည်ဆောက်ခဲ့တဲ့
အိပ်မက်ပဲပေါ့။
https://www.youtube.com/watch?v=dWQksdHu1oo&t=258s
ရှင်သန်ခြင်းအိပ်မက်(၄) “မဏိကက် ပြဇာတ်” မြန်မာ့ရုပ်သေး
ဝန်ကြီးပဒေသရာဇာဟာ ခိုင်မာတဲ့ဂီတအခြေခံအုတ်မြစ်ကို စတင်ပန္နက်ချ
ပေးခဲ့ရုံသာ မကဘဲ ညပေါင်းများစွာ တင်ဆက်မှသာ အပြီးသတ်နိုင်တဲ့ နန်းတွင်း
ဇာတ်တော်ကြီးတွေကို သူ့မူသူ့ဟန်နဲ့ တီထွင်ဆန်းသစ်ကာ တစ်ညတည်းနဲ့ အပြီးကနိုင်တဲ့
ညတွင်းပြီး ပြဇာတ်တွေကို ဖန်တီးပြီး “မဏိကက်”ဆိုတဲ့ ပြဇာတ်အိပ်မက်ကို
ဆက်မက်ခဲ့ပြန်တယ်။ မက်ခဲ့တဲ့ မဏိကက် ပြဇာတ်ဟာ မြန်မာတို့ရဲ့ အစောဆုံးပြဇာတ်
အိပ်မက် ဖြစ်ခဲ့တာပေါ့။ အဲဒီပြဇာတ်ကို အကြောင်းပြုပြီး စာဆိုဝန်ကြီး ပဒေသရာဇာဟာ
မြန်မာ့အနုသုခုမ စာပေသမိုင်းမှာ ကျောက်ထီးတန္တု အလေးဂရုပြုရတဲ့ ပုဂ္ဂိုလ်အဖြစ်
ရပ်တည်နိုင်ခဲ့တယ်လေ။ အဲဒီ မဏိကက်ပြဇာတ် အိပ်မက်ကို ဒုတိယအင်းဝခေတ်ရဲ့
အမြင့်သဘင်လို့ သတ်မှတ်ခေါ်ဝေါ် ခဲ့ကြတဲ့ “မြန်မာ့ရုပ်သေး”
ရုပ်များနဲ့ပုံဖော်ကြည့်တဲ့အခါ . . . ။
https://www.youtube.com/watch?v=-OEtrAE8_rw
23rd Graduation Performance Part (5)
ရှင်သန်ခြင်းအိပ်မက်(၅)
ရှင်သန်နေပုံကို မြဝတီမင်းကြီးဦးစရဲ့ “စိန်ကြောင်နီလာပတ်ပျိုး”
********************************************
အဲဒီအနုပညာအိပ်မက်တွေဟာ
အားကောင်းလာတာနဲ့အမျှ မြန်မာတို့ရဲ့ အနုသုခုမ သမိုင်းခြေရာအဖြစ်
ထင်ထင်ရှားရှားဖြစ်တည်လာခဲ့တဲ့ ကာလတစ်ခု ရှိခဲ့တယ်။ အဲဒီကာလကို ညွှန်းပြရမယ်ဆိုရင်
ကုန်းဘောင်ခေတ်ကာလကို ညွှန်းပြရမှာဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ အနိမ့်သဘင်၊
အတီးသဘင်လို့ခေါ်တဲ့ သဘင်လေးရပ်ဆိုင်ရာ အနုပညာအသီးအပွင့်တွေဟာ ဝေဝေဆာဆာ
ပွင့်လန်းလို့လာခဲ့ပါတယ်။ နန်းတွင်းဇာတ်တော်ကြီးနဲ့ မြေဝိုင်းဇာတ်တော်ကြီးရဲ့
အခန်းကဏ္ဍများဟာ အရှိန်အဟုန်ကြီးစွာ ရပ်တည်နေခဲ့ပါတယ်။ မြဝတီမင်းကြီးဦးစ၊
ပြင်စည်မင်းသား၊ လှိုင်ထိပ်ခေါင်တင်စတဲ့ ပညာရှင်ကြီးများဟာ အနုပညာအိပ်မက်ရှည်ကြီးကို
မက်ခဲ့ကြတဲ့သူတွေပေါ့။ အနုပညာအရောင်အဝါ ထွန်းတောက်စွာနဲ့
ရှင်သန်နေပုံကို မြဝတီမင်းကြီးဦးစရဲ့ “စိန်ကြောင်နီလာပတ်ပျိုး” အိပ်မက်က
သက်သေခံနေခဲ့ပါတယ်။ NUAC(Ygn)
https://www.youtube.com/watch?v=1yREwmsIYiE
NUAC 23rd Graduation Performance Part (7)
ရှင်သန်ခြင်းအိပ်မက်(၇) “နှစ်ကိုယ်သစ္စာပတ်ပျိုး”
**************************************************
အိပ်မက်တွေမက်နေတဲ့အချိန် အိပ်မက်ကလန့်မနိုးချင်သလိုဘဲ တမြတ်တနိုးတန်ဖိုး ထားတဲ့ မြန်မာအနုပညာရပ်များ မပျောက်ပျက်စေချင်တဲ့စိတ်၊ ကာလရှည်ကြာစွာ ထိန်းသိမ်းထားချင်တဲ့ဆန္ဒ၊ နောင်အရှည်တည်တံ့စေချင်တဲ့ ခံစားမှုတို့ကြောင့် ဘိုးဘေးပညာရှင်တို့မက်ခဲ့ကြတဲ့ “နှစ်ကိုယ်သစ္စာပတ်ပျိုး” ဟာ အိပ်မက်ကောင်း တစ်ခုပဲပေါ့။
https://www.youtube.com/watch?v=7PKic2XlWbA&t=217s
23rd GraduationPerformance Part 8
ရှင်သန်ခြင်းအိပ်မက်(၈) ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “သပြေနုချိန်” မဟာလေးချိုးကြီး
*************************************
အဲဒီလိုသစ္စာတွေထားနေချိန်၊အိပ်မက်ကောင်းတွေမက်နေချိန်မှာပဲ လှုပ်နိုးခြင်းခံရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတော့တယ်။
ခရစ်နှစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်၊ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊
တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့မှာ မြန်မာ့ဦးစွန်းငုတ်လျှိုးခဲ့ရပြီး
နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ပါတယ်။ တိုင်းပြည်တည်းဟူသော ပင်စည်ကြီး
ပြိုလဲသွားတဲ့အခါ အကိုင်းအခက်နဲ့တူတဲ့ အနုသုခုမပညာရပ်ဟာ အရင်းလဲလို့ အဖျားထင်း ဖြစ်တဲ့ပမာ
ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မြန်မာ့သုခုမပညာရပ်များဟာ ဘယ်လိုပင် အမှောင်ကျခဲ့ပေမယ့်
မြန်မာ့အနုပညာကို ချစ်မြတ်နိုးတဲ့စိတ်၊ ရင်ထဲမှာစွဲမြဲ အမြစ်တွယ်မှု အားတွေနဲ့
ပြန်လည်ဦးမော့ရှင်သန်လာခဲ့ပါတယ်။
အနုပညာရှင်များဟာ
နယ်ချဲ့ဆန့်ကျင်ရေးအတွက် မိမိတို့ရဲ့အနုပညာနဲ့ လွတ်လပ်ရေးဆိုတဲ့ အလင်းရောင်ရအောင်
ကြိုးပမ်းအားထုတ်ခဲ့ကြတာကို ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ “သပြေနုချိန်”
မဟာလေးချိုးကြီး အိပ်မက်က သက်သေခံလျက်ရှိပြန်ပါတယ်။
အခြေခံကဗျာလွတ်အကစံခွေများ
https://www.youtube.com/watch?v=5CY8bXqlJyg
အခြေခံပညာကျောင်းများတွင် ပညာရေးစနစ်သစ်အရ အနုပညာ(ဂီတ)တွင်
သင်ကြားပေး လျက်ရှိသော အခြေခံကဗျာလွတ်အကများနှင့်ပတ်သက်၍ –
– သင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများ အထောက်အကူရရှိစေရန်၊
– သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများ နည်းစနစ်မှန်ကန်စွာ လေ့လာသင်ယူနိုင်စေရန်၊
– အခြေခံကဗျာလွတ်ကကွက်များအား နည်းစနစ်မှန်စွာ လက်ဆင့်ကမ်း
သင်ယူနိုင်စေရန်၊
– အနုပညာဆိုင်ရာ လိုအပ်ချက်များအား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
(ရန်ကုန်)က ပံ့ပိုးကူညီပေးနိုင်ရန်
ရည်ရွယ်ချက်များဖြင့် အခြေခံကဗျာလွတ်အကစံခွေများ တင်ပြပါသည်။
ပထမတန်း Grade (1)
– ခေါင်းသင်တန်း (၄)ကွက် အမျိုးသား
– ခေါင်းသင်တန်း (၄)ကွက် အမျိုးသမီး
အခြေခံကဗျာလွတ်အကစံခွေများ၊ ဒုတိယတန်း Grade (2)
https://www.youtube.com/watch?v=1-jMscWTIqs&t=178sBV4js_E
အခြေခံပညာကျောင်းများတွင် ပညာရေးစနစ်သစ်အရ အနုပညာ(ဂီတ)တွင် သင်ကြားပေးလျက်ရှိသော အခြေခံကဗျာလွတ်အကများ –
ဒုတိယတန်း Grade (2)
အခြေခံကဗျာလွတ်မိတ်ဆက်
– လက်သင်တန်း (၅)ကွက် အမျိုးသား
– လက်သင်တန်း (၅)ကွက် အမျိုးသမီး
https://www.youtube.com/watch?v=X_f-fCvkCKg
NUAC 23rd Graduation Performance Part 9
ရှင်သန်ခြင်းအိပ်မက်(၉)
“ဗုံရှည်”တူရိယာနဲ့အတူ ပဝါတစ်ကမ်း ယပ်တစ်လှမ်း နှစ်ပါးသွားကဟန်
***************************************
ပြန်လည်ဉီးမော့ရှင်သန်လာခဲ့တဲ့ အနုပညာအိပ်မက်ရှည်ကြီးထဲမှာ ကျေးလက်အနုပညာ တစ်ရပ်ဖြစ်တဲ့ “ ဗုံရှည်” တူရိယာနဲ့အတူ ပဝါတစ်ကမ်း ယပ်တစ်လှမ်း နှစ်ပါးသွားကဟန် အိပ်မက်ကလည်း ခံစားမှုအသစ်တစ်ခုကိုမွေးဖွားပေးခဲ့ပြန်ပါတယ်။
အခြေခံကဗျာလွတ်အကစံခွေများ
https://www.youtube.com/watch?v=ZcvGktmSH5Q
အခြေခံကဗျာလွတ်အကစံခွေများ၊ တတိယတန်း
*************************
အခြေခံပညာကျောင်းများတွင် ပညာရေးစနစ်သစ်အရ အနုပညာ(ဂီတ)တွင် သင်ကြားပေးလျက်ရှိသော အခြေခံကဗျာလွတ်အကများ –
တတိယတန်း
– လက်သင်တန်း(၅)ကွက် အားပြန်လည်လေ့ကျင့်ခြင်း
– စည်းဝါး(ခြေရှေ့ထိုး)အကနှင့် ခြေနောက်ထိုးအက အမျိုးသား
– စည်းဝါး(ခြေရှေ့ထိုး)အကနှင့် ခြေနောက်ထိုးအက အမျိုးသမီး
သင်ရိုးအထောက်အကူပြုအခြေခံကဗျာလွတ်အက
အနုပညာ(ဂီတ) စတုတ္ထတန်း
https://www.youtube.com/watch?v=CrIO2nU1uCA
ခြေရှေ့ထိုးအကနှင့် ခြေနောက်ထိုးအကများကိုပြန်လည်လေ့ကျင့်ခြင်း
အခန်း(၃) ရှေ့ခြေထုတ်အက
အခန်း(၄) အရုပ်အတက်အဆင်းအက
ခြေရှေ့ထုတ်အကနှင့် အရုပ်အတက်အဆင်းအကများကို ပေါင်း၍ လေ့ကျင့်ခြင်း
အနုပညာ(ဂီတ)ဆဋ္ဌမတန်း အခြေခံကဗျာလွတ်အက
https://youtu.be/gBJsiqZeGqw
အခန်း(၂) အကပညာ
ကြာဖတ်လှန်အက၊ ကြာဆစ်ချိုးအက
အနုပညာ(ဂီတ) သတ္တမတန်း အခြေခံကဗျာလွတ်အက
https://www.youtube.com/watch?v=p79ZgJ_a-1k&t=322s
အခန်း(၂) အကပညာ
မေးထိုးအက၊ သုံးပွင့်ဆိုင်အက (အမျိုးသမီး)
ကန်တော့ပန်းအက၊ ငှက်ပျောဖူးလက်အက (အမျိုးသား)
အနုပညာ(ဂီတ) ဒသမတန်း အခြေခံကဗျာလွတ်အက
https://www.youtube.com/watch?v=qP6s-mgufPo
အခန်း(၂) အကပညာ
ကိန္နရာဟန်အက၊ ထဘီနားဆွဲအက၊ နှစ်ဆင့်သွားအထ (အပြေး)အက (အမျိုးသမီး)
ဘယ်လှန်ညာမှောက်နှစ်ဆင့်အက၊ ကြာဖူးချိုးအက (အမျိုးသား)
NUAC 23rd Graduation Performance Part 10
https://www.youtube.com/watch?v=1Q0tzAtieFQ
NUAC 23rd Graduation Performance Part 10
ရှင်သန်ခြင်းအိပ်မက်(၁၀)
နန်းတော်ရှေ့ဆရာတင်၏ “ဆင်ကြီးဂဠုန်ချီ” ကုန်းဘောင်ခေတ်နှောင်းမှာဘဲ ရှေးမြန်မာ့မဟာဂီတို့ကို ဆက်လက်ဆုပ်ကိုင်ရင်း ဆန်းသစ်တဲ့ အသံအဖွဲ့အနွဲ့များပေါင်းစပ်ပြီး နန်းတော်ရှေ့ဆရာတင်က မျိုးချစ်စိတ် အရင်းခံတဲ့ ဂီတ၏ရှင်သန်ခြင်းကို ကိုယ်စားပြုမက်တဲ့အိပ်မက်ကတော့ “ဆင်ကြီးဂဠုန်ချီ”
NUAC 23rd Graduation Performance Part (11)
https://www.youtube.com/watch?v=M5kIVp9r-UY&t=71s
NUAC 23rd Graduation Performance Part (11)
ရှင်သန်ခြင်းအိပ်မက်(၁၁) လေဘာတီမမြရင်ရဲ့ “အလှူရှင်”
**************************************************
ကိုလိုနီခေတ်အတွင်းမှာ အငြိမ့်ဆိုတဲ့အိပ်မက်ကလည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး နန်းတော်ရှေ့ဆရာတင်နဲ့ အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်တို့ရဲ့ “အလှူရှင်” ဆိုတဲ့…..အိပ်မက်က ယနေ့ထက်တိုင် ခံစားမှုကောင်းတွေ ပေးနေဆဲပါပဲ။
ထံတျာတေရှင်(ပုစဉ်းတောင်သံကြိုး)
https://www.youtube.com/watch?v=7T3_h1-CY2U
NUAC 23rd Graduation Performance Part (12)
https://www.youtube.com/watch?v=COjMzfqmwGk
ရှင်သန်ခြင်းအိပ်မက်(၁၂)
ဆရာကြီး ဦးရွှေဒေါင်းညိုနှင့် ဆရာမကြီးဒေါ်ဩဘာသောင်းတို့၏
“ကဗျာလွတ်”အက
*****************************************
ခေတ်အဆက်ဆက်
ရှင်သန်မက်ခဲ့တဲ့အိပ်မက်များထဲမှာ ၁၉၅၂ ခုနှစ် ပြည်ထောင်စု ယဉ်ကျေးမှုဌာန က ပန်တျာကျောင်းများဖွင့်လှစ်ခဲ့ပြီးနောက်
ပန်တျာသင်တန်းသား၊ သင်တန်းသူများ သင်ကြားစေဖို့ သဘင်ပညာရှင်ကြီး ဆရာကြီး ဦးရွှေဒေါင်းညိုနှင့်
ဆရာမကြီးဒေါ်ဩဘာသောင်းတို့မက်ခဲ့တဲ့ မြန်မာအကရဲ့အခြေခံ “ကဗျာလွတ်” အိပ်မက်ဟာလည်း တစ်ခုပါဝင်ခဲ့ပါတယ်။
သီဒါသီဒါမြသား(ကလပ်ကြီးကြိုး)
https://www.youtube.com/watch?v=R_SIMDBi1g8
December,10,2020
NUAC 23rd Graduation Performance Part 13
http://youtube.com/watch?v=VaadXoZQ_Xg
ရှင်သန်ခြင်းအိပ်မက်(၁၃)
**********************************
ခေတ်အဆက်ဆက်အနုပညာရှင်ကြီးများ
မက်ခဲ့တဲ့ အိပ်မက်တွေကို ကျွန်တော်တို့ တစ်ဆင့်ခံ ကြားခဲ့ရတဲ့ဘဝက ကျွန်တော်တို့ကိုယ်တိုင်
မက်ခွင့်ရတဲ့ဘဝကို ရောက်ခဲ့ကြပါပြီ။ ၁၉၉၃ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့မှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အနုပညာတက္ကသိုလ်ကြီး စတင်ဖွင့်လှစ်ချိန်မှာတော့ ခေတ်အဆက်ဆက်
အနုပညာရှင်ကြီးများမက်ခဲ့ကြတဲ့ အိပ်မက်တွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ ထိန်းသိမ်းစောင့်ရှောက်နေရုံနဲ့
မပြီးပါဘူး။ ကျွန်တော်တို့အနေနှင့် အနုပညာရပ်များကို မြှင့်တင်ဖို့လည်း လိုလားမှာ ဖြစ်ပါတယ်။
ထိန်းသိမ်း၊ မြှင့်တင်ထားရှိတဲ့ အနုပညာအိပ်မက်များကို မျှဝေပေးဖို့တာဝန်လည်း ခံယူထားပါတယ်။
ဒါကြောင့် “အိပ်မက်ကဗျာ” ကို စတင်မက်ကြည့်ထားပါတယ်။
NUAC 23rd Graduation Performance Part 14
https://www.youtube.com/watch?v=yMbcxgQn5eU
ရှင်သန်ခြင်းအိပ်မက်(၁၄)
************************************************
ခေတ်အဆက် ဆက်မက်ခဲ့တဲ့အိပ်မက်တွေကို မပျောက်ပျက် မပျက်စီးစေဘဲ
ကျွန်တော်တို့ဆက်မက်ကြ တယ်။ ဒါ့အပြင် တိုးတက်နေတဲ့ခေတ်ကို အမီလိုက်ပြီး
နိုင်ငံတကာကိုချပြနိုင်မည့် ခေတ်ပေါ်အနုပညာအိပ်မက်များကိုလည်း မက်ခဲ့ကြပါပြီ။ ဒါ့ကြောင့်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ဟာ မိမိတို့ရဲ့
ရိုးရာကိုယ်ပိုင်ဟန်များကို မပျောက်ပျက်စေဘဲ ခေတ်ရေစီးမှာလည်း ပါဝင်စီးမျောကာ
အနုပညာအရာမှာ ကမာ္ဘနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက် မက်နေကြတဲ့အိပ်မက်ကတော့ …. ….. – စင်တော်မင်းသား၊မင်းသမီး
– ခေတ်ပြိုင်အက
– သုခုမရဲ့သူရဲကောင်
သာယာသာယာ(ကလပ်ငယ်ကြိုး)
https://www.youtube.com/watch?v=K5UshcPyaR8
![]()




















