ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အတွင်းရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည့် သမိုင်းတန်ဖိုး လက်ရာတန်ဖိုးကျန်ရှိသော ရှေးဟောင်းဘုရားပုထိုးများအနက်မှ အောက်ပါ ဘုရား (၁၆)ဆူသို့ Covid-19 ရောဂါ ကန့်သတ် စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ဝင်ရောက် ကြည့်ရှုလေ့လာရန် http://pagoda.codexmyanmar.com တွင် ကြိုတင်စာရင်းရေးသွင်း နိုင်ပါကြောင်း သတင်းပါးဖော်ပြအပ်ပါသည် –
| စဉ် | ဘုရားအမှတ် | ဘွဲ့တော် |
| ၁ | ၂၉၈ | ဂူပြောက်ကြီး(ဝက်ကြီးအင်း) |
| ၂ | ၄၇၇၊၄၇၈၊၄၇၉ | ဘုရားသုံးဆူ |
| ၃ | ၄၈၂ | သမ္ဘူလဂူဘုရား |
| ၄ | ၁၀၃၀ ၊ ၁၀၃၁ | အရှေ့ဖက်လိပ် ၊ အနောက်ဖက်လိပ် |
| ၅ | ၁၂၀၂ | အပါယ်ရတနာ |
| ၆ | ၁၃၂၃ | ဂူပြောက်ကြီး(မြင်းကပါ) |
| ၇ | ၁၅၁၂ | မြေဘုံသာဘုရားလှ |
| ၈ | ၁၅၈၀ | လောကထိပ်ပန် |
| ၉ | ၁၆၀၅ | ပုထိုးသားများ |
| ၁၀ | ၆၅၉ | ဝိနည်းဓိုရ် |
| ၁၁ | ၁၃၉၁ | ဂူပြောက်ငယ်(မြင်းကပါ) |
| ၁၂ | ၁၄၆၇ | လောကဥလျောင် |
| ၁၃ | ၁၄၈၁ | ပဲနံ့သာဂူ |
| ၁၄ | ၁၈၅၂ | ခေမင်္ဂစေတီ |
| ၁၅ | ၂၁၂၁ | ဥပါလိသိမ် |
| ၁၆ | ၂၁၆၂ | အာနန္ဒာအုတ်ကျောင်း |


![]()