ကျိုက္ကသာမြို့ဟောင်း

ကျိုက္ကသာမြို့ဟောင်းသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာအနီးတွင် တည်ရှိသည်။ မြို့ဟောင်း၏ ပုံစံမှာ အဝန်းအဝိုင်းပုံသဏ္ဌန်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၈၅-၁၉၈၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်အထိ ကျိုက္ကသာမြို့ဟောင်း တူးဖော်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ တူးဖော်မှု ကုန်းပေါင်း (၈) ကုန်းအား တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။