တက္ကသိုလ်သင်ကြားမှုစနစ်

ပညာသင်နှစ်အလိုက် ကျောင်းသားသစ်များ ခေါ်ယူခြင်း

သင်တန်းသားရွေးချယ်မှုစနစ်

နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင် နေ့စဉ်ထုတ်သတင်းစာများမှ ကြော်ငြာ ထည့်သွင်း၍ ကျောင်းသားသစ်များ ခေါ်ယူပါသည်။ သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်ကိုက်ညီသူများအား ဝင်ခွင့်စိစစ်ရေးအဖွဲ့က လူတွေ့ စစ်ဆေးပါသည်။ အနုပညာပင်ကိုယ် အရည်အသွေး၊ အနုပညာဗီဇနှင့် ဝါသနာ တို့အရ အထူးပြုဘာသာရပ်များ တက်ရောက်ခွင့်ပြုနိုင်ရန် စိစစ်ရွေးချယ်ပါသည်။

သင်တန်းဝင်ခွင့်အရည်အချင်း

  • တက္ကသိုလ်ဝင်စားမေးပွဲအားမည်သည့်ဘာသာတွဲဖြင့်မဆိုအောင်မြင်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီးသက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့်ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
  • အနုပညာဝါသနာပါသူဖြစ်ရမည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံ

ပညာသင်နှစ်အလိုက် အချိန်ဇယား

  • ပထမနှစ်ဝက် နိုဝင်ဘာလ (၁)ရက်မှ   မတ်လ (၃၁)ရက်အထိ
  • ကျောင်းပိတ်ရက် ဧပြီလ (၁) လ
  • ဒုတိယနှစ်ဝက် မေလ (၂)ရက်မှ           စက်တင်ဘာလ(၃၀)ရက်အထိ
  • ကျောင်းပိတ်ရက် အောက်တိုဘာလ (၁) လ

တက္ကသိုလ်မှသင်ကြားအပ်နှင်းသော ဘွဲ့/ဒီပလိုမာနှင့် သင်တန်းကာလ အပ်နှင်းသော ဘွဲ့များနှင့် သင်တန်းကာလ

ဝိဇ္ဇာဘွဲ့ (ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ရုပ်ရှင်)

Bachelor of Arts (Music) (Dramatic Arts) (Painting) (Sculpture) (Cinema)

(၄) နှစ်
မဟာဝိဇ္ဇာဘွဲ့(ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ရုပ်ရှင်)

Master of Arts (Music)(Dramatic Arts)(Painting)(Sculpture)(Cinema)

(၂) နှစ်
ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ

Postgraduate Diploma in Museology

(၁) နှစ်
ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာ

Postgraduate Diploma in Applied Archaeology

(၁) နှစ်
ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ

Postgraduate Diploma in Library Management

(၁) နှစ်
အနုပညာဒီပလိုမာ

(ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု)

Diploma in Arts (Music) (Dramatic Arts) (Painting) (Sculpture) (Cinematography)

(၁) နှစ်

ပညာသင်နှစ်အလိုက်သင်ကြားမှုပြက္ခဒိန်