အနုပညာဆိုင်ရာ တင်ဆက်ပြသမှုများ

ပြည်ထောင်စုနေ့အခမ်းအနား

ဇလုံတောင်သို့ သွားရောက်ဖျော်ဖြေခြင်း

(၁၅)ကြိမ်မြောက်ပန်းချီ မျိုးဆက်သစ် အနုပညာ ပြပွဲ

နိုင်ငံတော်ကကြီးမှူးကျင်းပသည့် အခမ်းအနားများတွင် ဖျော်ဖြေတင်ဆက်မှုများ

 

 

Covid-19 ရောဂါကာကွယ်တားဆီးနိုင်ကျရန်အတွက် ဖန်တီးထားသော အနုပညာရပ်

Covid 19 ရောဂါကာကွယ်တားဆီးနိုင်ကြရန်အတွက် ဖန်တီးထားသော အနုပညာရပ် (Marionette)

Covid 19 ရောဂါကာကွယ်တားဆီးနိုင်ကြရန်အတွက် ဖန်တီးထားသော အနုပညာရပ်

တကောင်းမြို့ကြီး တိုးတက်စဉ်အချိန်မှ ပေါ်ပေါက်လာခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသောအနေဖြင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အစဉ်အလာကို ရှာဖွေဖော်ထုတ်တင်ဆက်ထားတဲ့ (၃၇)မင်း နတ်များရဲ့အချုပ် ပန်းပဲမောင်တင့်တယ်၏ မိသားစု ညီအကိုမောင်နှမများအပေါ်မှာ သနားကြင်နာစွာ ချစ်ခင်စောင့်ရှောက်ခဲ့ခြင်းကို အကြောင်းပြု၍ အိမ်တွင်းနတ်အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည့် သမိုင်းကြောင်းကို ဖော်ကျူးတင်ဆက်ထားသော် ရိုးရာပူဇော်အိမ်တွင်းခုနစ်ဖော် ယိမ်းအကကို မိဘပြည်သူများ လေ့လာကြည့်ရှုနိုင်ကြပါရန် တင်ဆက်အပ်ပါသည်။

နွဲ့နှေင်းလှပ အင်းဝပျိုမဒီအက

အင်းဝနန်းတွင်းဘွဲ့ တေးသွားတစ်ပုဒ်ကို ထုတ်နုတ်၍ အင်းဝခေတ်ရေး နံရံပန်းချီ အထောက်အထားများမှ တွေ့ရှိခဲ့ရသည့် ကဟန်ကကြိုးများနှင့် ဝတ်စားဆင်ယင်မှုများကို မှီငြမ်းကိုးကားကာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ယူကျောင်းဆင်း ကျောင်းသူလေးများက ကပြတင်ဆက် ဖျော်ဖြေပေးပါသည်။

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ အာဆီယံယိမ်းအက

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ မျက်မှောက်ခေတ်ယိမ်းအက

မန်းဌာနီအငြိမ့်သီချင်း