မိုးကြိုးပြင်ကျောက်ခေတ်နေရာဒေသ

      မိုးကြိုးပြင်ကျောက်ခေတ်နေရာဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်ရွာ၏ တောင်ဘက်တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ မိုးကြိုးပြင်တွင် ကျောက်ခေတ်ဟောင်း (Paleolithic) ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic)စသည့် ကျောက်ခေတ်၏ ယဉ်ကျေးမှုဓလေ့အဆင့်အားလုံးကို တွေ့ရသည်။ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းမှကျောင်းအုပ်ကြီးဦးဝင်းကြိုင် ခေါင်းဆောင် သောအဖွဲ့သည် ၂၀၁၀-ခုနှစ်တွင် မိုးကြိုးပြင် ကျောက်ခေတ်နေရာဒေသ၌ စမ်းသပ်တူးဖော် သုတေ သနပြုလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ တူးဖော်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများမှာ ကျောက်သေးလက်နက်နှင့် ကျောက်ချောလက်နက်များ၊ အိမ်သုံးအိုး အမျိုးမျိုး၊ အရိုးအပိုင်း အစ များကိုတွေ့ရှိခဲ့သည်။