အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)

သမိုင်းအကျဉ်း

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးဆက်သစ်အနုပညာရှင် များ ပိုမိုမွေးထုတ်ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ ယဉ်ကျေးမှု တက္ကသိုလ် (မန္တလေး)ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော ကျေးရွာအုပ်စု၊ အုန်းချော-ရွှေစာရံဘုရားလမ်း အနောက်ဖက်ခြမ်း မိုင်တိုင်အမှတ် (၀/၄)နှင့် (၁/၁)ကြားရှိ မြေဧက၄၁.၃၅ ဧက  တွင် စတင်အုဌ်မြစ်ချခဲ့ပါသည်။ ၂၀၀၁ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် (ခ) အဆင့် တက္ကသိုလ်အဖြစ် တရားဝင်ဖွင့်လှစ်ခဲ့သည်။ မြန်မာပြည် အထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများသာမက အောက်ပိုင်းမှကျောင်းသား/ကျောင်းသူ များပါ တက်ရောက်နိုင်ပြီး ၂၀၀၅ နှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် (က) အဆင့် တက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့သည်။ (အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ် – ၄၀/၂၀၁၅ အရ ) ၂၀၀၇ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအဖွဲ့၊ အစည်းအဝေးအမှတ် ၄၀/၂၀၀၇ အရ ယဉ်ကျေးမှု တက္ကသိုလ်မှ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ တက္ကသိုလ်စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၁-၂၀၀၂ ပညာသင်နှစ်တွင် အထူးပြုဘာသာရပ်များအဖြစ် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု စသည့် ဘာသာရပ် (၄)ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်တွင် ရုပ်ရှင်နှင့်ပြဇာတ်ပညာ အထူးပြုဘာသာရပ်ကို ထပ်မံသင်ကြားခဲ့ပါသဖြင့် လက်ရှိ အခြေအနေတွင် အထူးပြု ဘာသာရပ်(၅)ခုတို့ဖြင့် သင်ကြားပို့ချလျက်ရှိနေပါသည်။

တည်နေရာနှင့်အကျယ်အဝန်း

ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး) တည်ဆောက်ရေးအစီအစဉ်ကို (၁၉၉၉)ခုဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင်စတင်ခဲ့သည်။ တက္ကသိုလ်သည်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ရွှေစာရံဘုရားလမ်းတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ (၄၁.၃၅)ဧက ရှိသည်။