မိုက်ခရိုဖလင် ထိန်းသိမ်းထားရှိမှု အခြေအနေ

မိုက်ခရိုဖလင်ထိန်းသိမ်းထားရှိမှုအခြေအနေ

သမိုင်းသုတေသနလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာသမိုင်းနှင့် ပတ်သက်သော အထောက်အထားများကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံ များရှိ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များမှ မိုက်ကရိုဖလင်များဖြင့် ကူးယူစုဆောင်းထားရှိပါသည်။ ကူးယူထားသော အထောက်အထားများမှာ အရှေ့အိန္ဒိယကုမ္မဏီ မှတ်တမ်းများနှင့် အပြန်အလှန်ပေးစာများ၊ နိုင်ငံရေးနှင့် လျှို့ဝှက် စာတွဲများ၊ ပြည်တွင်းအုပ်ချုပ်ရေး အထောက်အထားများ၊ စာပေးစာယူများ၊ မြန်မာနိုင်ငံဆိုင်ရာစာတွဲများ အစရှိသည့်မှတ်တမ်းများ စုဆောင်းထားရှိပါသည်။ မိုက်ကရိုဖလင်ဖြင့် စုဆောင်းထားသော အထောက်အထား မှတ်တမ်းများ ရေရှည်အသုံးပြုရန်အတွက် ဒစ်ဂျစ်တယ် ဖိုင်စနစ် ကူးပြောင်း၍ ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။ မိုက်ကရိုဖလင် အခွေပေါင်း (၄၀၀) ခန့် ဒစ်ဂျစ်တယ်ကူးပြောင်းပြီး ဖြစ်ပါသည်။