လဂွန်းဗျည်းမြို့ဟောင်း

လဂွန်းဗျည်းမြို့ဟောင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း၏ မြောက်စူးစူး မီတာ ၁၅၀ ခန့်၊ လဂွန်းပြင်ချောင်း၏ တောင်ဘက်တွင်ကပ်လျက် တည်ရှိသည်။ လဂွန်းဗျည်းမြို့ဟောင်း၏ ပုံသဏ္ဌာန်မှာ ကွေ့ဝိုင်းသော ပုံစံရှိပြီး မြို့ဟောင်းရာ(၂)ခု ဖွဲ့စည်းထားသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ မြို့(၂)ခွင်ပေါင်းဖွဲ့၍ အကျယ်ဆုံးဖြစ်သည့်နေရာမှာ (၁)မိုင် နီးပါးခန့် ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ်တွင် ကွင်းဆင်း သုတေသနပြုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။