ပေ၊ ပုရပိုက် စုဆောင်း ထိန်းသိမ်းခြင်း

ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းထားရှိမှု အခြေအနေ

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ရန်ကုန်၊ မန္တလေး၊ တောင်တွင်းကြီး၊ ညောင်ရွှေ၊ ပျဉ်းမနား၊ မင်းကင်း၊ အမရပူရ၊ လယ်ဝေး၊ ကျောက်ပန်းတောင်း စသည့် အနယ်နယ်အရပ်ရပ်မှ လက်ခံရရှိသော ပေစာထုပ် (၁၂၈၅၇) ထုပ်နှင့် ပုရပိုက် (၈၄၇) ဆူ တို့ကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် စနစ်တကျ စုဆောင်းထိန်းသိမ်းထားရှိပါသည်။

ပေစာထုပ်များ၊ ပေကြိုးခွေများနှင့်
ပေထုတ်ပုဝါများကို လွှဲပြောင်း/
လက်ခံခဲ့မှု မှတ်တမ်းဓာတ်ပုံများ