ဇုန်နယ်နိမိတ်သတ်မှတ်ပြဋ္ဌာန်းထိန်းသိမ်းခြင်း

၁။       မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား (၁၁.၂.၁၉၉၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၉၉)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များ အဖြစ်လည်းကောင်း၊ (၈.၅.၂၀၁၈)ရက်စွဲပါ အမိန့်ကြော်ငြာစာ(၂/၂၀၁၈)ဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင် ၊ ပုဂံ-ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ်- ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ရှေးဟောင်းအထိမ်းအမှတ်အဆောက် အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၂။       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမ္ဘောဇသာဒီနန်းတော်ရာအား (၁၁.၂.၁၉၉၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၂/၉၉)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၃။       မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံများ (အမရပူရ မြို့နယ်- မဟာဝေယံ ဘုံသာဗားဂရာကျောင်းတော်ကြီး(အောင်မြေသာစံမြို့နယ်)၊  မဟာအတုလ ဝေယံအတုမရှိကျောင်းတော်ကြီး၊ ရွှေနန်းတော်ကျောင်း၊ နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား၊  မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား)ကို (၆.၈.၁၉၉၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၃/၉၉)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၄။       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားနှင့် တောင်ထွတ်နယ်မြေ တို့အား  (၁၁.၁၀.၁၉၉၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၄/၉၉)ဖြင့်  ကာကွယ်ထိန်းသိမ်းထားသောဇုန် အဖြစ် သတ်မှတ်။

၅။       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း၊ သရေခေတ္တရာမြို့ဟောင်းနှင့် ပတ်ဝန်းကျင်အား (၃၀.၁.၂၀၀၁)ရက်စွဲပါ အမိန့်ကြော်ငြာစာ(၁/၂၀၀၁)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ်လည်းကောင်း၊   ပြန်လည်ပြင်ဆင် ခြင်းအား (၁၉.၃.၂၀၁၃)ရက်စွဲပါအမိန့်ကြော်ငြာစာ (၁/၂၀၁၃)ဖြင့် ကာကွယ်ထိန်းသိမ်း ထားသော ဇုန်များအဖြစ်လည်းကောင်း သတ်မှတ်။

၆။        စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ ရှေးဟောင်းအထိမ်းအမှတ်  အဆောက်အအုံများ (မြသိန်းတန်ဘုရား၊ မင်းကွန်းခေါင်းလောင်းရုံ၊  ပုထိုးတော်ကြီး၊   ခြင်္သေ့ကြီးနှစ်ကောင်၊  စက်တော်ရာဘုရား၊  ပုံတော်စေတီ)အား (၁၈.၅.၂၀၀၁)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၂/၂၀၀၁)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၇။      မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်းအား (၂၉.၅.၂၀၀၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ(၁/၂၀၀၂)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ်လည်းကောင်း၊ ပြန်လည်ပြင်ဆင်ခြင်းအား (၁၉.၃. ၂၀၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ(၂/၂၀၁၃)ဖြင့် ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ် လည်းကောင်း သတ်မှတ်။

၈။        မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ဟောင်းဒေသအား (၅.၆.၂၀၀၇) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၀၇)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များ အဖြစ် သတ်မှတ်။

၉။       မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ခရုံဂူအား (၁၃.၆.၂၀၀၈) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၁၀။    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်းအား (၁၃.၆.၂၀၀၈) ရက်စွဲပါ အမိန့်ကြော်ငြာစာ(၁/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ်လည်းကောင်း၊ ပြန်လည်ပြင်ဆင်ခြင်းအား (၁၉.၃.၂၀၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ(၃/၂၀၁၃)ဖြင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် အဖြစ်လည်းကောင်း သတ်မှတ်။

၁၁။      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းဒေသ အား (၁၃.၆.၂၀၀၈)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များ အဖြစ် သတ်မှတ်။

၁၂။     ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  ရသေ့ပျံဂူ အား (၁၆.၆.၂၀၀၈) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၂/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်း ထားသောဇုန်များအဖြစ် သတ်မှတ်။

၁၃။    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  ကော့ဂွန်းဂူဒေသအား (၁၆.၆.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာ (၂/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်း ထားသောဇုန်များအဖြစ် သတ်မှတ်။

၁၄။    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေစေတီတော်(ကျိုက်အသုတ် စေတီတော်)အား  (၄.၇.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာ (၃/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၁၅။    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စမ်းရွာ၊  မောင်းတီးစေတီတော် အား  (၄.၇.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာ (၄/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၁၆။    ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊  ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်စေတီတော် အား  (၄.၇.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာ (၅/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက် အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၁၇။    ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊  ရွှေဘုန်းပွင့်စေတီတော်အား  (၄.၇.၂၀၀၈) ရက်စွဲပါ အမိန့်ကြော်ငြာစာ(၆/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၁၈။    ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊  အတုလဓိပတိမဟာမုနိသကျ ကိုးထပ်ကြီး ဘုရားအား  (၄.၇.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာ (၇/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၁၉။    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊  ကျိုက္ကလို့စေတီတော် အား  (၄.၇.၂၀၀၈) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၈/၂၀၀၈)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက် အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၂၀။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊   မြင်စိုင်းမြို့ဟောင်းအား (၂၅.၈.၂၀၀၈)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၉/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များ အဖြစ် သတ်မှတ်။

၂၁။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပင်းယဒေသအား (၂၅.၈.၂၀၀၈)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၀/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၂၂။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ဒေသ၊  ရတနာလာဘမုနိ ဆုတောင်းပြည့်(မြွေ)ဘုရား၊  ဗန်းမော်ကျောင်း၊  ကျိတ်ကုန်းကျောင်း၊  ပါဋလိကျောင်း၊   ဗောဓိကျောင်း၊  လေးထပ်ကျောင်း၊ နောက်တော်ပါကျောင်း တို့အား (၂၅.၈.၂၀၀၈)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၁/၂၀၀၈)ဖြင့်  ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၂၃။     ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦးမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ များအား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်အဖြစ်လည်းကောင်း၊ ပြန်လည်ပြင်ဆင်ခြင်းအား (၃၀.၁၀.၂၀၁၉)ရက်စွဲပါအမိန့်ကြော်ငြာစာ (၅/၂၀၁၉)ဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ၊ ကြားခံဒေသများအဖြစ်လည်းကောင်း သတ်မှတ်။

၂၄။     မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊   စလေဒေသများအား (၅.၁၁.၂၀၀၉) ရက်စွဲပါအမိန့် ကြော်ငြာစာ (၂/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၂၅။     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ၊ ရွှေတိဂုံစေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါအမိန့် ကြော်ငြာစာ (၃/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ် ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၂၆။     ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကျိုက်မှော်ဝန်းစေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာ (၄/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၂၇။     ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊   ငါးထပ်ကြီးဘုရား အား  (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၅/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၂၈။     ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားအား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၆/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၂၉။     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့စေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၇/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၃၀။    ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းစေတီတော်အား (၅.၁၁.၂၀၀၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၈/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၃၁။    ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံစေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၉/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၃၂။     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊  ရွှေဆံတော်စေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၀/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၃၃။    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးစံပြကျေးရွာ၊ ကျိုက်ပါဒကြီး ဆံတော်ရှင် စေတီတော်အား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၁/၂၀၀၉)ဖြင့် ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၃၄။    ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ဘုရားကြီးကျေးရွာအုပ်စု ၊ ကျိုက်ခေါက်စေတီတော် အား (၅.၁၁.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၂/၂၀၀၉)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် သတ်မှတ်။

၃၅။    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျစ်ချောင် ၇ ခု အား (၂၄.၃.၂၀၁၀) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၁၀)ဖြင့် ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် သတ်မှတ်။

၃၆။    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ  ပရိုင်းမိတ် ကျစ်ချောင် ၂၅ ခု အား (၂၄.၃.၂၀၁၀) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၂/၂၀၁၀)ဖြင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် အဖြစ် သတ်မှတ်။

၃၇။    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ မိုင်းမော – ဝိန်းကျွမ်မြို့ဟောင်း အား (၅.၄.၂၀၁၀) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၃/၂၀၁၀)ဖြင့် ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

၃၈။    ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြောင်းမြမြို့ဟောင်း အား  (၂.၂. ၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၁၂)ဖြင့်  ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ် ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၃၉။    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းကျေးရွာအုပ်စု၊ သာဂရမြို့ဟောင်းအား (၂.၂.၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၂/၂၀၁၂)ဖြင့်  ရှေးဟောင်းနေရာ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၄၀။    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီမြို့ဟောင်းအား (၉.၃.၂၀၁၂)ရက်စွဲပါ အမိန့် ကြော်ငြာစာ (၃/၂၀၁၂)ဖြင့်  ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၄၁။    ရခိုင်ပြည်နယ်၊  ကျောက်တော်မြို့နယ်၊  ဓညဝတီမြို့ဟောင်းအား (၉.၃.၂၀၁၂)ရက်စွဲပါ အမိန့် ကြော်ငြာစာ (၄/၂၀၁၂)ဖြင့်  ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်များအဖြစ် သတ်မှတ်။

၄၂။     စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်ရွာဒေသနှင့် သုံးပန်လှ(အနိမ့်)ရွာဒေသ အား  (၂.၄.၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၅/၂၀၁၂)ဖြင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် များအဖြစ် သတ်မှတ်။

၄၃။    ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ရှိ  ပြဒါးလင်းဂူအမှတ်(၁)၊   ပြဒါးလင်းဂူအမှတ် (၂) တို့အား (၃.၉.၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ (၆/၂၀၁၂)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၄၄။    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊  မြေထူးမြို့ဟောင်းအား (၃.၉.၂၀၁၂) ရက်စွဲပါအမိန့်ကြော်ငြာစာ (၇/၂၀၁၂)ဖြင့် ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၄၅။      မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီးရှိ ဝတီးမြို့ဟောင်း အား (၃.၉.၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၈/၂၀၁၂)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၄၆။    မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာ၊ ပင်လယ်(မိုင်းမော)မြို့ဟောင်း အား  (၃.၉.၂၀၁၂) ရက်စွဲပါအမိန့်ကြော်ငြာစာ (၉/၂၀၁၂)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် သတ်မှတ်။

၄၇။    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာ၊ တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော် တည်ရှိရာပရိဝုဏ်အား (၁၁.၁၂.၂၀၁၅) ရက်စွဲပါအမိန့် ကြော်ငြာစာ (၁၁၇/၂၀၁၅)ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်။

၄၈။    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာအနီးရှိ သမိုင်းဝင်ဆရာစံသဘာဝ ထုံးကျောက်ဂူအား (၇.၁.၂၀၁၉)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၁၉)ဖြင့် ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန်အဖြစ် သတ်မှတ်။

ဇုန်အခြေအနေပြမြေပုံ