စာကြည့်တိုက် လှုပ်ရှားမှု အစီအစဉ်များ

စာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူး၍ အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံ၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံများ ကျင်းပရာတွင် အမျိုးသားစာကြည့်တိုက်က ဦးစီးဦးဆောင် ပြုလုပ်၍လည်းကောင်း၊ အာဆီယံနှစ်(၅၀) ပြည့်အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ ကာတွန်းအဖော် စာဖတ်ပျော်၊ ကြည်နူးရွှင်ပျော် ကလေးစာကြည့်တိုက်ပွဲတော် စသည့် ကလေးစာကြည့်တိုက် လှုပ်ရှားမှုများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျောင်းများကို စာကြည့်တိုက်သို့ ဖိတ်ခေါ်၍ ပြုလုပ်သော ကလေးစာကြည့်တိုက်လှုပ်ရှားမှုများ၊ နေပြည်တော် ပြည်ထောင်စု နယ်မြေ အတွင်းရှိ ကျောင်းများသို့ သွားရောက်၍ ပြုလုပ်သော ကလေးစာကြည့်တိုက် လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြုလုပ်သော စာတတ်သူတိုင်း စာဖတ်ရေး အခမ်းအနား၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များတွင်လည်း အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပြခန်းများ ပါဝင်ပြသခဲ့ပါသည်။

ကလေးစာကြည့်တိုက်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ