နိုင်ငံတကာ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ

တက္ကသိုလ်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီး ဌာနနှင့်အတူ ပြည်တွင်း၊ ပြည်ပယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မှုအစီအစဉ်များတွင် ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။      တက္ကသိုလ်တွင် ပြည်ပနိုင်ငံများမှ အက၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်ပညာရှင်များ၏  အနုပညာဆိုင်ရာ သရုပ်ပြတင်ဆက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အခါအား လျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။

အိန္ဒိယရိုးရာအကပညာရှင်၊ ဂျပန်ပလွေပညာရှင်၊ အစ္စရေးလက်ထိုးရုပ်သေး ပညာရှင်၊ ကိုရီးယားဂန္ထဝင်တေးဂီတပညာရှင်၊ အစ္စရေးရုပ်ရှင်ဒါရိုက်တာ၊ အမေရိကန် ရုပ်ရှင်ပညာရှင်၊ ချက်ရုပ်ရှင်ဇာတ်ညွှန်းပညာရှင်တို့၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ထိုင်း-မြန်မာ၊ တရုတ်-မြန်မာ၊ ၊ အင်ဒိုနီးရှား-မြန်မာ၊ တရုတ်-မြန်မာ၊ ရိုးရာအက ပူးပေါင်းဖျော်ဖြေတင်ဆက်မှုများကို ဆောင်ရွက်ခဲ့ပါသည်။

တက္ကသိုလ်မှ ပြည်ပလေ့လာရေးခရီးစဉ်များ၊ အနုပညာဖျော်ဖြေတင်ဆက်ပွဲ များ၊ အနုပညာပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အနုပညာ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှီးနှောဖလှယ်ပွဲများ၊ ပန်းချီပန်းပုပြပွဲများသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများကို စေလွှတ်တက်ရောက်စေခဲ့ပါသည်။

Lancang-Mekong Cultural Exchange Youth Camp စီမံကိန်း ကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကအိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ခဲ့ပြီး မန္တလေး မြို့၊ ဟိုတယ်ရွှေပြည်သာတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

Collaboration Program between NUAC (Mdy) and

Tokyo University of the Arts အလုပ်ရုံဆွေးနွေးပွဲ

NUAC(Mdy) & FUTUR Foundation, Switzerland နှင့် ပူးပေါင်းကျင်းပ
ပြုလုပ်သော ပန်းချီပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

လူငယ်ချစ်ကြည်ရေးအစီအစဉ်များ

 လန်ချန်း-မဲခေါင် လူငယ် ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပခြင်း