ဖွဲ့စည်းပုံ

ပညာရေးဝန်ကြီးဌာနအုပ်ချုပ်မှုအသွင်သဏ္ဌာန်ပြောင်းလဲရေးအတွက် ပညာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ် ၁၃၆ ကျောင်း ပြင်ဆင်ဖွဲ့စည်းခြင်းအား (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ ခွင့်ပြုခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ဖွဲ့စည်းပုံအရ ပညာရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်သို့ ရောက်ရှိ ခဲ့ပါသည်။ တက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက် သော မြန်မာနိုင်ငံအဆင့်မြင့်ပညာအဆင့် ပြုပြင်ပြောင်းလဲမှုများကို အခြား တက္ကသိုလ်များနည်းတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။