ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ခြင်း

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း ဖွင့်လှစ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့ ပူးပေါင်း၍ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းအမှတ်စဉ် (၁) ကို ၂၀၁၀−၂၀၁၁ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းသို့ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူများ တက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၂၀ ) နာရီအထိဖြစ်ပါသည်။ ပညာသင်ကာလကို (၁၀) လထားရှိပြီး ကျန်သော (၂) လကို စာတမ်းပြုစုခြင်းနှင့် စာကြည့်တိုက် များတွင် လက်တွေ့သင်တန်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ကြရပါသည်။ သင်တန်းတွင် အမျိုးသားစာကြည့်တိုက်မှ အရာထမ်းများနှင့် ပြင်ပမှ စာကြည့်တိုက်ပညာနှင့် ဆက်စပ်ပညာရပ် ဆိုင်ရာ ပညာရှင်များက ခေတ်နှင့် လျော်ညီသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာများကို စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိပါသည်။ သင်တန်းတက်ရောက်ပြီးစီး၍ အောင်မြင် ပြီးသူများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့လက်မှတ် “Post Graduate Diploma in Library Management (PGDLM)” ပေးအပ်ပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အမှတ်စဉ်(၉) ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိပါသည်။

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းအမှတ်စဉ် (၉) ဖွင့်ပွဲအခမ်းအနားမှတ်တမ်းဓါတ်ပုံများ