ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံ

ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုအသွင်သဏ္ဌာန် ပြောင်းလဲရေးအတွက် ပညာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ် ၁၃၆ ကျောင်း ပြင်ဆင်ဖွဲ့စည်းခြင်းအား (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူညီချက်အရ ခွင့်ပြုခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သည် ဖွဲ့စည်းပုံအရ ပညာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ တက္ကသိုလ်သည် ပညာရေးဝန်ကြီး ဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအဆင့်မြင့်ပညာအဆင့် ပြုပြင်ပြောင်းလဲမှုများကို အခြားတက္ကသိုလ်များနည်းတူ ပူးပေါင်းဆောင်ရွက် လျက် ရှိပါသည်။