မြို့လှရှေးဟောင်းနေရာဒေသ

မြို့လှဒေသသည် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၏ အနောက် မြောက်ဘက် (၇)မိုင်အကွာရှိ မြို့လှကျေးရွာတွင် တည်ရှိသည်။ တူးဖော်မှုကို ၂၀၀၄-ခုနှစ်တွင် မြန်မာနိုင်ငံမှပညာရှင်များနှင့် ပြင်သစ်နိုင်ငံ(C.N.R.S)မှ ရှေးဟောင်းသုတေသနပညာရှင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ မြို့လှဒေသတွင် ကုန်း(၃)ကုန်း ရွေးချယ်တူးဖော်ခဲ့ပြီး စုစုပေါင်းအရိုးစုရုပ်ကြွင်း (၂၂)ခုအပြင် ကြေးပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ပုတီးစေ့များစသည်ဖြင့် တူးဖော်ရရှိခဲ့သည်။