မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ

နိဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ၏ အမျိုးဂုဏ်၊ ဇာတ်တိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်ရွယ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်၍ နှစ်စဉ်မပျက်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကြီး စတင်ကျင်းပသည့်နှစ်မှစ၍ ၁၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအထိသည် ရန်ကုန်မြို့တွင်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ၁၄ ကြိမ်မြောက်မှ စတင်၍ နေပြည်တော်သို့ ပြောင်းရွှေ့ကျင်းပခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်၌ ရွေးကောက်ပွဲ ကျင်းပခြင်းကာလဖြစ်သဖြင့် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မကျင်းပနိုင်ဘဲ ၁ နှစ်ရပ်ဆိုင်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၈ ကြိမ်မြောက်ပြိုင်ပွဲ အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၉ ကြိမ်မြောက် ပြိုင်ပွဲအဖြစ် လည်းကောင်း နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပချိန်နှင့် တိုက်ဆိုင်နေသောကြောင့် အကြိမ် ၂၀ မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဗဟိုအဆင့်သတ်မှတ်ကျင်းပခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် လည်း ASEAN SUMMIT အခမ်းအနားနှင့် တိုက်ဆိုင်နေသောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မေလတွင် ၂၁ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဗဟို အဆင့်အဖြစ် နေပြည်တော်၌ ပြန်လည်ကျင်းပခဲ့ရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် နှစ်ပေါင်းများစွာ မတိမ်ကော မပပျောက်စေရန်၊ မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာ များကို တန်ဖိုးထားလိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက် လိုစိတ်များ အား လက်ဆင့်ကမ်း ပေးစွမ်းနိုင်ခဲ့ပါသည်။ စတင်ကျင်းပသည့်အချိန်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟု ခေါ်ဝေါ်ခဲ့၍ ၂၀၁၂ ခုနှစ် ၁၉ ကြိမ်မြောက် ပြိုင်ပွဲမှစတင်၍ မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဟု သတ်မှတ်ခဲ့ပါသည်။

ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း၍ အထောက်အကူပြု ဆပ်ကော်မတီ ၁၁ ရပ်ကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီက ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များသတ်မှတ် ဆောင်ရွက် ခဲ့ပါသည်။

ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားများ ကျင်းပခြင်း

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပစဉ် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပခဲ့၍ နေပြည်တော် တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင်ကျင်းပခဲ့ပါသည်။

ဘာသာရပ်အလိုက် ပြိုင်ပွဲကျင်းပသည့်နေရာများ

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ် များအလိုက် ပြိုင်ပွဲများ ၁၉၉ ၃ ခုနှစ်၊ ပထမအကြိမ်ပြိုင်ပွဲမှ ၁၃ ကြိမ်မြောက် ပြိုင်ပွဲအထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ အမျိုးသားဇာတ်ရုံ၊ ပဒုမ္မာဇာတ်ရုံ၊ ကမ္ဘောဇဇာတ်ရုံငယ်တို့တွင် ပြိုင်ပွဲများကျင်းပခဲ့ပါသည်။ နေပြည်တော်တွင် စတင်ကျင်းပသည့် ၁၄ ကြိမ်မြောက် ပြိုင်ပွဲမှ ၂၂ ကြိမ်မြောက် ပြိုင်ပွဲအထိသည် ရေဆင်းတက္ကသိုလ်နယ်မြေရှိ ခန်းမများတွင် ကျင်းပခဲ့ပါသည်။

ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲဝင်အဆင့်များ

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ်ပထမအကြိမ်ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် တစ်ဆင့်တည်း ကိုသာ ယှဉ်ပြိုင်ခဲ့၍ ဒုတိယအကြိမ်ပြိုင်ပွဲမှ စတုတ္ထအကြိမ်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ ၁၂ နှစ်အထက်၊ အခြေခံပညာ ၁၂ အောက်အဆင့်ဟူ၍ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါသည်။ ပဉ္စမအကြိမ်ပြိုင်ပွဲမှ ၁၃ ကြိမ်မြောက်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ(အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ်အတွင်း)အဆင့်သတ်မှတ်ခဲ့၍ ၂၀၁၆ ခုနှစ်၊ ၁၄ ကြိမ်မြောက် ပြိုင်ပွဲမှ ၂၂ ကြိမ်မြောက် ပြိုင်ပွဲအထိ ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ် အတွင်း)အဆင့်များသတ်မှတ် ယှဉ်ပြိုင်ခဲ့ပါသည်။

ယှဉ်ပြိုင်ခွင့်ပြုခဲ့သည့် ဘာသာရပ်များ

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ် ပထမအကြိမ်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၁ မျိုး၊ အကဘာသာရပ် ၁ မျိုး၊ အရေးဘာသာရပ်(အမျိုးသား/အမျိုးသမီး)နှင့် အတီးဘာသာရပ် ၅ မျိုးကိုသာ ယှဉ်ပြိုင်ခဲ့၍ နှစ်စဉ်ဘာသာရပ်များတိုးမြှင့်ယှဉ်ပြိုင်ခဲ့ရာ ၂၂ ကြိမ်မြောက်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၃ မျိုး၊ အကဘာသာရပ် ၇ မျိုး၊ အရေးဘာသာရပ် (အမျိုးသား/အမျိုးသမီး)နှင့် အတီးဘာသာရပ် ၁၃ မျိုးကို ယှဉ်ပြိုင်ခဲ့ပါသည်။

အမှတ်ပေးစနစ်

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အမှတ်ပေးစနစ်မှာ သာမန်အထက်ဟုယူဆပါက ၇ မှတ်မှ ၉ မှတ်၊ သာမန်ဟုယူဆပါက ၄ မှတ်မှ ၆ မှတ်ပေးရန် သတ်မှတ်ထားပါသည်။ ဘာသာရပ်တစ်ခုလျှင် အကဲဖြတ်ရမည့် အရည်အချင်း သတ်မှတ်ချက် ၅ ချက်စီ သတ်မှတ်၍ အရည်အချင်း သတ်မှတ်ချက်တစ်ခုလျှင် အများဆုံး ပေးမှတ် ၉ မှတ်ဖြင့် စုစုပေါင်းပေးမှတ် ၄၅ မှတ် သတ်မှတ်ပါသည်။

ဗဟိုအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်သည့် လူဦးရေအင်အား၊ ဘာသာရပ်အင်အားနှင့် ရွှေ၊ ငွေ၊ ကြေးဆုရရှိမှု

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဗဟိုအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်သည့် လူဦးရေအင်အား၊ ဘာသာရပ်အင်အားနှင့် ရွှေ၊ ငွေ၊ ကြေးဆုရရှိမှုများကို ဖော်ပြအပ်ပါသည် –

မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ နှစ်အလိုက် ပြိုင်ပွဲဝင်လူဦးရေ၊ ဘာသာရပ်နှင့် ဆုချီးမြှင့်မှုဇယား

စဉ်

ခုနှစ်

လူဦးရေ

အင်အား

ဘာသာရပ်

အင်အား

ဆုချီးမြှင့်မှု

ရွှေ

ငွေ

ကြေး

ထူး

နှစ်သိမ့်

ဂုဏ်ပြု

ပေါင်း

၁။

၁၉၉၃

၂၈၄

၂၈၄

၂၀

၂၆

၂၈

၄၄

၁၁၈

၂။

၁၉၉၄

၁၂၀၂

၁၄၂၇

၉၈

၉၉

၉၇

၂၉၅

၃။

၁၉၉၅

၁၃၅၄

၁၆၇၆

၁၀၁

၁၀၅

၁၀၃

၁၅

၃၂၅

၄။

၁၉၉၆

၁၄၇၇

၁၈၈၇

၁၀၁

၁၀၅

၁၀၃

၁၅

၃၂၅

၅။

၁၉၉၇

၁၆၆၄

၂၁၄၁

၁၃၈

၁၃၂

၁၃၂

၄၁၂

၆။

၁၉၉၈

၁၈၅၉

၂၄၉၆

၁၃၇

၁၃၇

၁၃၆

၄၁၉

၇။

၁၉၉၉

၁၉၂၃

၂၅၂၄

၁၃၂

၁၄၃

၁၄၆

၁၃

၄၃၄

၈။

၂၀၀၀

၁၉၈၀

၂၅၅၈

၁၄၄

၁၄၀

၁၄၂

၁၆

၄၄၂

၉။

၂၀၀၁

၁၉၉၇

၂၅၅၂

၁၇၀

၁၅၉

၁၅၇

၄၉၄

၁၀။

၂၀၀၂

၂၀၂၇

၂၅၀၄

၁၇၈

၁၅၆

၁၅၃

၄၈

၅၃၅

၁၁။

၂၀၀၃

၁၈၅၂

၂၄၅၆

၁၉၅

၁၇၃

၁၇၁

၄၈

၅၈၇

၁၂။

၂၀၀၄

၁၉၅၉

၂၅၀၉

၁၉၄

၁၈၈

၁၆၇

၂၀

၅၆၉

၁၃။

၂၀၀၅

၁၈၅၅

၂၄၈၇

၂၀၁

၁၈၈

၁၉၉

၂၅

၃၃

၆၄၆

၁၄။

၂၀၀၆

၁၆၆၃

၂၂၁၂

၁၈၇

၁၇၆

၁၆၃

၂၃

၃၈

၅၈၇

၁၅။

၂၀၀၇

၁၈၁၃

၂၄၄၅

၂၀၀

၁၇၅

၁၅၇

၂၂

၂၅

၅၇၉

၁၆။

၂၀၀၈

၁၉၈၅

၂၆၀၅

၂၀၅

၁၇၈

၁၇၄

၅၅၈

၁၇။

၂၀၀၉

၁၈၅၈

၂၄၇၆

၁၉၅

၁၇၃

၁၇၀

၅၄၉

၁၈။

၂၀၁၁

၁၇၃၂

၂၃၇၆

၁၇၁

၁၇၁

၁၆၃

၁၅

၁၃

၅၃၄

၁၉။

၂၀၁၂

၁၄၇၅

၁၉၉၅

၂၀၀

၁၇၄

၁၅၀

၅၃၆

၂၀။

၂၀၁၅

၁၁၉၆

၁၃၃၄

၁၄၀

၁၀၈

၇၉

၃၃၆

၂၁။

၂၀၁၆

၁၇၆၄

၂၀၂၈

၁၅၃

၁၃၂

၁၁၂

၄၇

၄၄၇