ပေ၊ ပုရပိုက်စုဆောင်း ထိန်းသိမ်းခြင်း

ပေ၊ ပုရပိုက်စုဆောင်း ထိန်းသိမ်းရေးအဖွဲ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ကို (၂၃-၂-၂၀၁၇)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစာကြည့်တိုက်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ထိန်းသိမ်းထားသော ရှေးဟောင်းစာပေများဖြစ်သည့် ပေများ၊ ပုရပိုက်များကို စနစ်တကျ စာရင်းကောက်ယူ မှတ်တမ်းပြုစုခြင်း၊ စနစ်တကျထိန်းသိမ်းခြင်း ပညာများ ပြန့်ပွားခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။