အခြေခံစာကြည့်တိုက်ပညာရက်တိုသင်တန်း
အခြေခံစာကြည့်တိုက်ပညာရက်တိုသင်တန်းများကို သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနက ကြီးမှူး၍ အစိုးရဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများ ဆရာ၊ ဆရာမများ၊ စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသော ပြင်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)တွင် လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းများသို့ သွားရောက်၍ လည်းကောင်း ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
![](https://www.moculture.gov.mm/wp-content/uploads/2019/04/librarians_training_1.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/04/librarians_training_2.jpg)
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ အခြေခံစာကြည့်တိုက်ပညာရက်တိုသင်တန်းများ ဖွင့်လှစ်မှုမှတ်တမ်းဓါတ်ပုံများ