အနုပညာအထက်တန်းကျောင်း (ရန်ကုန်)

အနုပညာအထက်တန်းကျောင်း(ရန်ကုန်)
ပန်းချီပန်းပုကျောင်းဆောင်သစ်
အနုပညာအထက်တန်းကျောင်း(ရန်ကုန်)
ပန်တျာဌာနခွဲ

နောက်ခံသမိုင်းကြောင်းအကျဉ်းနှင့် တည်နေရာ

၁၉၅၂ ခုနှစ်တွင် နိုင်ငံတော် အနုပညာကျောင်းကို ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် ဦးခင်မောင် ကဆောင်ရွက်ခဲ့ပါသည်။ နောက်နှစ်များတွင် ဂီတ၊ အကနှင့်ဇာတ် သင်ကြားမှုကို သီးသန့် စီမံခန့်ခွဲမှုအောက်သို့ ရွှေ့လိုက်ရာ ပန်တျာကျောင်းဟု ပေါ်ထွန်းလာခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အနုပညာကျောင်းများကို ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက် ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အနုပညာဦးစီးဌာန၊ သုတေသနနှင့်လေ့ကျင့်ရေးဌာနခွဲ လက် အောက်တွင် ထားရှိပြီး စီမံအုပ်ချုပ်ခဲ့ပါသည်။

ပန်းချီပန်းပုကျောင်းကို ၁၉၆၀ – ၁၉၆၁ ခုနှစ်တွင် တက္ကသိုလ်ရိပ်သာလမ်း (နိုင်ငံခြားဘာသာ တက္ကသိုလ်) ဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမှတ်(၈)၊ ကိုယ့်မင်းကိုယ့်ချင်း လမ်း၊ ဗဟန်းမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

ပန်တျာကျောင်းကို ဂျူဗလီဟောမှ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)၊ အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်သို့ ၂၂.၁.၁၉၉၀ ရက်နေ့တွင် ပြောင်းရွှေ့လျက် ယနေ့တိုင် အောင် သင်ကြားပြသပေးလျက်ရှိပါသည်။ ၁.၈.၂၀၁၀ ရက်နေ့မှစ၍ အနုပညာဦးစီးဌာန ဖွဲ့စည်းပုံ အသစ်အရ အနုပညာအထက်တန်းကျောင်းအဖြစ် ပြောင်းလဲဖွဲ့စည်း၍ လက်ထောက်ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး) ၏ ဦးဆောင်မှုဖြင့် လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးက ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါသည်။