ကြို့ကုန်း ရှေးဟောင်းနေရာဒေသ

ကြို့ကုန်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် တည်ရှိသည်။ တူးဖော်မှုကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြင်သစ်ပညာရှင် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ ကြေးစည်းထုပ် သစ်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားများ၊ ရောင်စုံပုတီးစေ့၊ ယောက်သွားခွံ၊ ကြေးလက်ကောက်၊ သံထည်ပစ္စည်းများ၊ တိရစ္ဆာန်၏စွယ်သွားဖြင့် ပြုလုပ်ထားသော လည်ဆွဲတို့ကို တူးဖော်ရရှိခဲ့ပါသည်။