ကိုယ်တွေ့ ပြောကြားချက်များ (Oral History) စုဆောင်းခြင်း လုပ်ငန်း

ကိုယ်တွေ့ပြောကြားချက်များ စုဆောင်းခြင်းလုပ်ငန်း (သို့) နှုတ်ပြောသမိုင်း (Oral History) စုဆောင်းခြင်းလုပ်ငန်းကို  စီမံချက်များ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ၁၉၇၈ ခုနှစ်မှစ၍ မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်  ကဏ္ဍအသီးသီးတွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍  ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် အတွေ့ အကြုံများကို မေးမြန်းအသံသွင်းယူခြင်း ဖြစ်ပါသည်။ စုဆောင်းထားသည့် နှုတ်ပြောသမိုင်း အထောက်အထားများသည် မူရင်းအထောက်အထားများဖြစ်၍ သမိုင်းသုတေသနဌာန၏ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများတွင် အဓိကအသုံးပြု ရေးသားရန်အတွက်သာ ရည်ရွယ် စုဆောင်းခြင်းဖြစ်ပါသည်။ ကိုယ်တွေ့ပြောကြားချက်အခွေများကို ရေရှည်အသုံးပြုရန် အတွက် ဒစ်ဂျစ်တယ်စနစ် ကူးပြောင်း၍ ထိန်းသိမ်းထားရှိပါသည်။

        မော်ကွန်းဌာနစိတ်တွင် အောက်ဖော်ပြပါအထောက်အထားများကို စုဆောင်းထားရှိပါသည်-

  • ကျောက်စာမင်ကူး (Rubbings)
  • မင်စာလက်ရေးမူ (Hand Written)
  • မင်စာဓါတ်ပုံ    (Photographs)
  • ပေကျမ်းများ(Palmleaf Manuscripts)
  • ပုရပိုက်များ(Parabeik Manuscripts)
  • ကိုယ်တွေ့ပြောကြားချက် (Oral History)
  • အသံသွင်းတိတ်ခွေ (Recorded Tapes)
  • အထောက်အထားဖိုင်များ (Document files)
  • မိုက်ကရိုဖလင်များ(Microfilms)
  • မြေပုံ (Maps)
  • ဓာတ်ပုံ(Photographs)
  • မိတ္တူများ(Photo copies collections)