ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်

ဖွဲ့စည်းပုံ

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သည် ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း (၁၀) နေရာနှင့် အမှုထမ်း (၄၀)နေရာ စုစုပေါင်း (၆၀)နရာတို့ဖြင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားစာကြည့်တိုက်၏ ညွှန်ကြားရေးမှူးက စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ပါသည်။

ညွှန်ကြားရေးမှူးများ

၁။

ဦးသန်းမောင်

(၁၉၅၂-၁၉၅၅)

၂။

ဒေါ်ညွန့်မြင့်

(၁၉၅၅-၁၉၇၁)

၃။

ဒေါ်သန်းသန်းအေး

(၁၉၇၁-၁၉၈၈)

၄။

ဦးကြိုင်လှိုင်

(၁၉၈၈-၁၉၈၉)

၅။

ဦးခင်မောင်တင်

(၁၉၈၉-၁၉၉၈)

၆။

ဦးမြင့်ကြိုင်

(၁၉၉၈-၂၀၀၁)

၇။

ဦးကျော်ဦး

(၂၀၀၁-၂၀၁၀)

၈။

ဒေါ်မြဦး

(၂၀၁၀-၂၀၁၇ ဧပြီလ) အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

၉။

ဦးမြင့်ဇော်

(၂၀၁၃) အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

၁၀။

ဒေါက်တာကေသီထွေး

(၂၀၁၃-၂၀၁၇ဧပြီလ) အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

၁၁။

ဒေါ်မြဦး

(၂၀၁၇-ယခုအထိ) အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

၁၂။

ဒေါက်တာကေသီထွေး

(၂၀၁၇- ၂၀၁၈) အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

၁၃။

ဒေါ်ရီရီထွေး

(၂၀၁၈-ယခုချိန်ထိ) အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

မျှော်မှန်းချက်

“မြန်မာ့အမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာန ဖြစ်စေရန်”

ရည်ရွယ်ချက်

၁။      ပြည်တွင်းထုတ်၊ပုံနှိပ်စာ၊ လက်ရေးစာစုအားလုံး၊ ပြည်ပထုတ် မြန်မာနိုင်ငံအကြောင်း ဆိုင်ရာ စာစုများကို ပြည့်စုံအောင်စုဆောင်း၍ အမျိုးသားစာပေတစ်ရပ်အနေဖြင့် ထိန်းသိမ်းရန်

၂။      မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရှေးဟောင်းစာပေများကို စုဆောင်း၍ သုတေသီများနှင့် ပြည်သူ လူထုက ရည်ညွှန်းကိုးကားအသုံးပြုနိုင်စေရန်

၃။      အရှေ့တောင်အာရှဆိုင်ရာ စာစုများကို စုဆောင်းဖြန့်ဝေပေးရန်

၄။      နိုင်ငံလုံးဆိုင်ရာစာကြည့်တိုက်စနစ်ကို ဦးစီးဦးဆောင်ပြုရန်