သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန

သမိုင်းသုတေသနဦးစီးဌာနသည် မြန်မာသမိုင်း သုတေသနလုပ်ငန်းများအတွက် အမျိုးသား ဗဟိုဌာန ဖြစ်သည်။ မြန်မာသမိုင်း ကော်မရှင်အဖွဲ့နှင့် နီးကပ်စွာ အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ အဓိက လုပ်ငန်းများမှာ- သမိုင်းဆိုင်ရာ အထောက် အထားများကို စုဆောင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းများကို သုတေသနပြုခြင်းနှင့် သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ထုတ်လုပ် ဖြန့်ဝေခြင်းတို့ ဖြစ်သည်။ ထို့ပြင် အထူးပြုသုတေသန လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ရသည်။