နောက်ခံသမိုင်းအကျဉ်း

တက္ကသိုလ်စတင်ဖွင့်လှစ်ခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းတိုးတက်ပြန့်ပွားရေးအတွက် အမျိုးသားအဆင့် တက္ကသိုလ် တစ်ခုအဖြစ် တည်ရှိလာမည့် ယဉ်ကျေးမှုတက္ကသိုလ်ကို ၁၈-၉-၁၉၉၁ ရက်နေ့ တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃၇/၁၉၉၁)၏ ခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့ပါသည်။

ယဉ်ကျေးမှုတက္ကသိုလ်ဥပဒေပြဋ္ဌာန်းခြင်း

ယဉ်ကျေးမှုတက္ကသိုလ်အဖြစ် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်​ရေးအဖွဲ့ ဥပဒေအမှတ်(၇/၁၉၉၃)ဖြင့် ယဉ်ကျေးမှုတက္ကသိုလ်ဥပဒေကို ၂၀-၄-၁၉၉၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

တက္ကသိုလ်စတင်ဖွင့်လှစ်ခြင်းနှင့် တည်နေရာအကျယ်အဝန်း

ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)အား အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ ကမ္ဘောဇအဆောက်အဦဝင်း အတွင်း၌ ၂၄-၉-၁၉၉၃ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၈-၉-၁၉၉၆ ရက်နေ့တွင် အမှတ်၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၅၂.၀၇၂ ဧကသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

တက္ကသိုလ်အမည်ပြင်ဆင်သတ်မှတ်ခြင်း

  • ၂၈-၁၁-၂၀၀၇ ရက်နေ့ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၀/ ၂၀၀၇)အရ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) [University of Culture (Yangon)] နှင့် ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) [University of Culture (Mandalay)] တို့အား အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) [National University of Arts and Culture (Yangon)] နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) [National University of Arts and Culture (Mandalay)] အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

ဖွဲ့စည်းပုံ

ပညာရေးဝန်ကြီးဌာနအုပ်ချုပ်မှုအသွင်သဏ္ဌာန်ပြောင်းလဲရေးအတွက် ပညာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ် ၁၃၆ ကျောင်း ပြင်ဆင်ဖွဲ့စည်းခြင်းအား (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ ခွင့်ပြုခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ဖွဲ့စည်းပုံအရ ပညာရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်သို့ ရောက်ရှိ ခဲ့ပါသည်။ တက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက် သော မြန်မာနိုင်ငံအဆင့်မြင့်ပညာအဆင့် ပြုပြင်ပြောင်းလဲမှုများကို အခြား တက္ကသိုလ်များနည်းတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တက္ကသိုလ်၏မျှော်မှန်းချက်

လူမှုယဉ်ကျေးမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်း ပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေး နိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်ဖြစ်စေရန်

တက္ကသိုလ်၏ရည်ရွယ်ချက်

လူမှုအဖွဲ့အစည်း၏ လိုအပ်ချက်များကို အနုသုခုမပညာစွမ်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြည့်ဆည်းနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်စေရန်

တက္ကသိုလ်၏လုပ်ငန်းတာဝန်

  • ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ အသိပညာနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများ ဖွံ့ဖြိုးတိုးတက်စေရန်
  • မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်း၍ တိုးတက် ပြန့်ပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် အနုသုခုမဆိုင်ရာလူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ရန်
  • ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံနှင့်အသုံးချသုတေသနများ မှတစ်ဆင့် အဆင့်မြင့်သုတေသနများအထိ ဆောင်ရွက်နိုင်စေရန်
  • အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအခြေပြမြေပုံနှင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်နှင့်လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်သွားရန်
  • ပြည်ပတက္ကသိုလ်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အနုပညာ၊ နည်းပညာနှင့် ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးအစီအစဉ်များကို ဆောင်ရွက် သွားရန်

တက္ကသိုလ်၏ ဆောင်ပုဒ်

စိတ္တံ ဒန္တံ သုခါ ဝဟံ

ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကိုဆောင်၏။

ကျောင်းအုပ်ကြီး

ဦးမောင်မောင်ခိုင် (၈ – ၄ – ၁၉၉၂ မှ ၃ – ၆ – ၁၉၉၇) အထိ

ပါမောက္ခချုပ်များ

ဦးမောင်မောင်ခိုင် (၄ -၆- ၁၉၉၇ မှ ၅ – ၆ – ၁၉၉၈) အထိ
ဦးဇော်သန်း (၆ – ၆ – ၁၉၉၈ မှ ၃၀ – ၆ – ၁၉၉၉) အထိ
ဦးတင်စိုး (၂၀ – ၇ – ၁၉၉၉ မှ ၃၀ – ၄ – ၂၀၀၉) အထိ
ဒေါ်နန္ဒာမွှန်း (၁ – ၅ – ၂၀၀၉ မှ ၂၉ – ၄ – ၂၀၁၀) အထိ
ဒေါ်စန္ဒာခင် (၃၀ – ၄ – ၂၀၁၀ မှ ၃၀ – ၃ – ၂၀၁၁) အထိ
ဦးကျော်ဦး (၁၉ – ၉ – ၂၀၁၁ မှ ၁၄-၇-၂၀၁၅) အထိ
ဦးအောင်နိုင်မြင့် (၁၅-၇-၂၀၁၅ မှ ယနေ့ထိ)

ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်း နှင့် Email

အမှတ် ၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
ဖုန်း : ၀၁ ၂၃၄၈၁၁၀ ၊ fax : ၀၁ ၅၉၀၂၅၁
ygnnuac@gmail.com