ထုတ်ဝေခဲ့သောစာအုပ်များ

နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ စာအုပ်ကို ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် ကြိုး ၄၃ ပုဒ်၊ ဘွဲ့ ၉ ပုဒ်၊ သီချင်းခံ ၁၄ ပုဒ်၊ ပတ်ပျိုး ၄၇ ပုဒ်၊ ယိုးဒယား ၃၇ ပုဒ်၊ မွန် ၇ ပုဒ်၊ လေးထွေသံကပ် ၂ ပုဒ်၊ မြင်းခင်း ၁ ပုဒ်၊ လောကနတ်ချင်း ၁ ပုဒ်၊ ဒိန်းသံ ၁ ပုဒ်၊ ကရင်သြ ၂ ပုဒ်၊ ဘောလယ် ၃ ပုဒ်၊ တေးထပ် ၁ ပုဒ်၊ ရှစ်ဆယ်ပေါ်တေးထပ် ၁ ပုဒ် စုစုပေါင်းမဟာဂီတဝင် တေးသီချင်းကြီး ၁၆၉ ပုဒ်ကို မဟာဂီတ သီချင်းကြီးများစိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေး ကော်မတီ၏ စာသားစိစစ်ရေး ဆပ်ကော်မတီမှ တည်းဖြတ်ကာနိုင်ငံတော်မူအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေ ခဲ့ပြီး ရောင်းစျေးမှာ ၂၀၀၀ ကျပ် ဖြစ်ပါသည်။

တိုးတက်ဝေဆာရိုးရာလက်မှုအနုပညာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၀၇-၂၀၀၈ဘဏ္ဍာရေးနှစ်အတွင်း တိုးတက်ဝေဆာရိုးရာလက်မှုအနုပညာ စာအုပ် ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာအုပ်တွင် ၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သောပထမအကြိမ်၊ ပန်းဆယ်မျိုး အနုပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် တင်သွင်းခဲ့သည့် ဦးမြင့်တင် (မှတ်ကျောက်) ပန်းထိမ် ပညာရှင်၊ နာယက မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၏ “ မြန်မာ့ရိုးရာ ရွှေပန်းထိမ်ပညာ”၊ ဦးတင်လှ၏ “မြန်မာ့ရိုးရာငွေပန်းထိမ်ပညာ”၊ ဦးသောင်းထွန်း၊ ယွန်းပညာရှင်၊ ကျောင်းအုပ်ကြီး(ငြိမ်း)၊ ယွန်းပညာကောလိပ်၏ “မြန်မာ့ရိုးရာပန်းယွန်းပညာကို ထိန်းသိမ်းခြင်းနှင့် သစ်လွင်ဆန်းသစ်သော အနုပညာလက်ရာများ ကိုပေါင်းစည်းခြင်း”၊ ဦးတင်မောင်လွင်၊ ပါမောက္ခ (ပန်းချီ) ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ “ မြန်မာ့ပန်းချီပညာ၏ ၂၁ ရာစုဦး ကာလတိုးတက်ရောက်ရှိမှုများ”၊ ဒေါ်မြခက်၊ လက်ထောက်ကထိက၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၏ “မြန်မာ့ ရိုးရာပန်းချီနှင့် ပြောင်းလဲတိုးတက်မှုများ”နှင့် ဒေါ်ခိုင်သဇင်ထွေး၊ နည်းပြ (ပန်းပု)၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၏ “မြန်မာ့ရိုးရာပန်းယွန်းပညာနှင့် နည်းပညာ” စာတမ်း ၆ စောင်ကိုစုစည်းလျက် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၃၀၀၀ ကျပ် ဖြစ်ပါသည်။

မြန်မာ့ဂီတဝေါဟာရအဖွင့်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဂီတဝေါဟာရအဖွင့် စာအုပ်ကိုထုတ်ဝေခဲ့ ပါသည်။ အဆိုပါ စာအုပ်တွင် မြန်မာ့ဂီတကိုလေ့လာလိုက်စားသူများ၊ မြန်မာ့ဂီတနှင့် ပတ်သက်၍ ဗဟုသုတရှာမှီးလိုသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ နှင့် အနုပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာ့ဂီတဝေါဟာရစကားလုံးပေါင်း ၁၀၃၄ လုံးကိုအဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် တကွ စုစည်းတင်ပြကာပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၂၀၀၀ ကျပ် ဖြစ်ပါသည်။

အလှစုံစွာတေးပဒေသာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၀၇- ၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်း အလှစုံစွာတေးပဒေသာ စာအုပ်ကိုထုတ်ဝေခဲ့ ပါသည်။ အဆိုပါ စာအုပ်တွင် မြန်မာ့အသံဦးသန်းမြင့်၏ “ရေဒီယိုတေး”၊ ဒဂုံဆရာတင်၏ “အငြိမ့် သဘင်တေး”၊ သခင်တင်ဦး၏ “ဇာတ်သဘင်တေး”၊ ဦးဝင်းဖေ၏ “ကလေးတေး-လူငယ်တေး” နှင့် စည်သူဗိုလ်ကလေးတင့်အောင်၏ “ပြဇာတ်တေး” စာတမ်း ၅ စောင်ကိုစုစည်းကာပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၃၀၀၀ ကျပ် ဖြစ်ပါသည်။

မြန်မာ့ရိုးရာတူရိယာ (မြန်မာ၊ အင်္ဂလိပ်)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၁၉၉၇- ၁၉၉၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ရိုးရာတူရိယာ စာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်များတွင် မြန်မာ့ရိုးရာကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တူရိယာ ၅ ပါးတွင် ပါဝင်သောခရုသင်း၊ စောင်း၊ ပတ္တလား၊ အိုးစည်၊ ဒိုးပတ်၊ ဗြော၊ စည်တော်၊ ဆိုင်း (ပတ်ဝိုင်း)၊ ပလွေ၊ နှဲ၊ ကြေးဝိုင်း၊ မောင်းဆိုင်း၊ ပတ်မ၊ ခြောက်လုံးပတ်၊ စခွန့်၊ စည်တို၊ လင်းကွင်း၊ စည်း- ဝါးတို့ကိုနောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းမှု၊ တီးခတ်အသုံးပြုပုံ စသည်ဖြင့် စုံလင်စွာပြုစုလျက် မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေ ခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ စီထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ မြန်မာဘာသာအတွက် ၅၀၀ကျပ်နှင့် အင်္ဂလိပ်ဘာသာ အတွက် ၁၀၀၀ ကျပ် ဖြစ်ပါသည်။

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ ဇာတ်သဘင်စာစု (၁)၊ (၂)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်အတွင်း အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ ဇာတ် သဘင် စာစုများ (၁) စာအုပ်ကိုလည်းကောင်း၊ ၂၀၀၁- ၂၀၀၂ ဘဏ္ဍာရေးနှစ်အတွင်း အလင်္ကာ ကျော်စွာ ရွှေမန်းတင်မောင်၏ ဇာတ်သဘင် စာစုများ (၂) စာအုပ်ကိုလည်းကောင်း အသီးသီး ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်များတွင် ရွှေမန်းတင်မောင်၏ ဆို၊ ငို၊ ပြောသဘင်ပညာရပ် များကိုထိန်းသိမ်းသည့် အနေဖြင့် သူ၏ ဇာတ်စာ၊ ဇာတ်စကားများကိုမျိုးဆက်သစ် အနုပညာရှင် များအား လက်ဆင့်ကမ်းအမွေပေးအပ်ရန် ရည်ရွယ်လျက် စာစု (၁) တွင် “အဖေကြီးတီးတဲ့ ရွှေကြေးစည်”၊ “မဏိကက်”၊ “မယားလိမ္မာပူဇိကာ”၊ “မောင်မှူး” ဇာတ်ထုတ်များ၊ စာစု (၂) တွင် “ဝါနရသိင်္ဂီ”၊ “လက်ဝဲသုန္ဒရ”၊ “သန္တိတိ”၊ “သင်္ခ” ဇာတ်ထုတ်များကိုစုစည်းကာပုံနှိပ် ထုတ်ဝေ ခဲ့ပါသည်။ အုပ်ရေ ၅၀၀ စီထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာစာစု (၁) အတွက် ၅၀၀ကျပ်နှင့် စာစု (၂) အတွက် ၆၀၀ ကျပ် ဖြစ်ပါသည်။

အမျိုးသမီးကဗျာလွတ်အက (ပထမဆင့်)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၁၉၉၇- ၁၉၉၈ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသမီးကဗျာလွတ်အက (ပထမဆင့်) စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် မြန်မာအကအခြေခံဖြစ်သော ကဗျာလွတ် ကကွက်များကို နိုင်ငံတော်မူမှန် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးကဗျာလွတ်အက (ပထမ ဆင့်) တွင် ပါဝင်သောခြေသင်တန်းကကွက် ၁၂ ကွက်၊ ခါးသင်တန်းကကွက် ၄ ကွက်၊ ခေါင်း သင်တန်း ကကွက် ၄ ကွက်၊ လက်သင်တန်း ကကွက် ၅ ကွက်၊ ခေါင်း၊ ခါး၊ ခြေ၊ လက်စုံ ကကွက် ၁၅ ကွက် စုစုပေါင်းကကွက် ၄၀ ကွက် ကိုဓာတ်ပုံ၊ ရှင်းလင်းချက်၊ ဂီတသင်္ကေတများ ဖြင့် ပြည့်စုံစွာ ဖော်ပြလျက်ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၁၂၅၀ ကျပ် ဖြစ်ပါသည်။

အမျိုးသမီးကဗျာလွတ်အက (ဒုတိယဆင့်)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသန ဌာန ခွဲသည် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသမီးကဗျာလွတ်အက (ဒုတိယဆင့်) စာအုပ် ကိုထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် မြန်မာအကအခြေခံဖြစ်သော ကဗျာလွတ် ကကွက် များကို နိုင်ငံတော်မူမှန် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးကဗျာလွတ်အက (ဒုတိယဆင့်) ကကွက် ၁၄ ကွက်၊ ခေါင်း၊ ခါး၊ ခြေ၊ လက်စုံ ကကွက် ၂၅ ကွက်၊ စုစုပေါင်း ကကွက် ၃၉ ကွက် ကို ဓာတ်ပုံ၊ ရှင်းလင်းချက်၊ ဂီတသင်္ကေတများဖြင့် ပြည့်စုံစွာဖော်ပြလျက် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၂၀၀၀ ကျပ် ဖြစ်ပါသည်။

အခြေခံပြတိုက်ပညာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်အတွင်း မနုဿကျော်ဝင်းရေးသားပြုစုသော အခြေခံ ပြတိုက်ပညာ စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် ပြတိုက်အကြောင်းသိကောင်း ဖွယ်ရာ၊ ပြတိုက်ဆောက်မည့် နေရာကို သေချာရွေးချယ်ကြရန် ၊ ပြတိုက်ပစ္စည်းစုဆောင်းနည်း၊ ပြတိုက်ပစ္စည်းစာရင်းသွင်းနည်း၊ ပြတိုက်ပစ္စည်း ခင်းကျင်းပြသနည်း၊ ပြတိုက်ပစ္စည်း ကိုင်တွယ် နည်း၊ ပြတိုက်ပစ္စည်းထိန်းသိမ်းနည်း၊ လုံခြုံရေးရာ သတိပြုစရာ၊ ပညာပေးစရာပြတိုက်မှာ၊ ပြတိုက်နှင့် သုတေသနလုပ်ငန်းများ၊ စီမံခန့်ခွဲမှုလုပ်ငန်း စသော အကြောင်းအရာများကို ရေးသား ဖော်ပြထားပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၃၀၀ ကျပ် ဖြစ်ပါသည်။

မြန်မာတိုင်းရင်းသားရိုးရာကြိုးတပ်တူရိယာများ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာတိုင်းရင်းသားရိုးရာကြိုးတပ်တူရိယာများ စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကွင်းဆင်း သုတေသနပြုလုပ်ကာ စုဆောင်းရရှိခဲ့သော မြန်မာတိုင်းရင်းသားတို့၏ တူရိယာများ အနက် ကြိုး တပ်တူရိယာများကို ထုတ်နုတ်ကာ ကြိုးတပ်တူရိယာအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သမိုင်းအကျဉ်း၊ ကချင်မျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၁၁ မျိုး၊ ကယားမျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၃ မျိုး၊ ကရင်မျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၅ မျိုး၊ ချင်းမျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၁ မျိုး၊ ဗမာမျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၁ မျိုး၊ မွန်မျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၅ မျိုး၊ ရခိုင်မျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၆ မျိုး၊ ရှမ်းမျိုးနွယ်စုများ၏ ကြိုးတပ်တူရိယာ ၁၁ မျိုး စုစုပေါင်း ကြိုးတပ်တူရိယာ ၄၃ မျိုး ကိုပြုစုဖော်ပြထားပါသည်။ အုပ်ရေ ၄၀၀ ထုတ်ဝေခဲ့ပြီး ရောင်း စျေးမှာ ၃၈၀၀ ကျပ် ဖြစ်ပါသည်။

မြန်မာတိုင်းရင်းသားရိုးရာလေမှုတ်တူရိယာများ (မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာ)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဌာနခွဲသည် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း မြန်မာတိုင်းရင်းသားရိုးရာလေမှုတ်တူရိယာများ စာအုပ်ကို မြန်မာ-အင်္ဂလိပ် ၂ ဘာသာဖြင့် ပြုစုထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကွင်းဆင်းသုတေသနပြုလုပ်ကာ စုဆောင်းရရှိခဲ့သော မြန်မာ တိုင်းရင်းသားတို့၏ တူရိယာများအနက် လေမှုတ်တူရိယာများကို ထုတ်နုတ်ကာ လေမှုတ် တူရိယာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သမိုင်းအကျဉ်း၊ ကချင်မျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၁၁ မျိုး၊ ကယားမျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၂၀ မျိုး၊ ကရင်မျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၃ မျိုး၊ ချင်းမျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၁၅ မျိုး၊ ဗမာမျိုးနွယ်စုများ၏ လေမှုတ် တူရိယာ၂မျိုး၊ မွန်မျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၁မျိုး၊ ရခိုင်မျိုးနွယ်စုများ၏ လေမှုတ် တူရိယာ ၁၁မျိုး၊ ရှမ်း မျိုးနွယ်စုများ၏ လေမှုတ်တူရိယာ ၂၇မျိုး၊ စုစုပေါင်း လေမှုတ်တူရိယာ ၁၁၂ မျိုး ကိုပြုစုဖော်ပြထားပါသည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး ရောင်းစျေးမှာ ၅၂၀၀ ကျပ် ဖြစ်ပါသည်။

ရရှိနိုင်သည့်နေရာ – စာအုပ်များကို ရုံးအမှတ် ၃၅၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲတွင် ဝယ်ယူရရှိနိုင်ပါသည်။