အနုပညာအထက်တန်းကျောင်း (မန္တလေး)

အနုပညာအထက်တန်းကျောင်း(မန္တလေး)ပန်တျာဌာန
အနုပညာအထက်တန်းကျောင်း(မန္တလေး) ပန်းချီပန်းပုဌာန

နောက်ခံသမိုင်းကြောင်းအကျဉ်းနှင့် တည်နေရာ

၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့၌ နိုင်ငံတော် အနုပညာပန်တျာနှင့် ပြဇာတ်ကျောင်းကြီးအား မန္တလေးမြို့ရှိ ပန်းချီပန်းပု အနုပညာရှင်ကြီးများ၊ အဆို၊ အက၊ အတီး ပညာရှင်ကြီးများမှ အထက်မြန်မာပြည် မန္တလေးမြို့တွင် တည်ရှိပေါ်ထွန်းလာစေရန် တိုင်ပင်နှီးနှော၍ “အနုပညာနှင့်ပြဇာတ်ကျောင်း” ဟူ၍ စတင်ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်း၏ တည်နေရာမှာ ၃၄ x ၃၅ လမ်းကြား၊ ၈၃ လမ်းပေါ်တွင် တည်ရှိပြီး ပေ(၁၀၀)ပတ်လည်ခန့်ကျယ်ဝန်းသော နှစ်ထပ်ဆောင် (လေသာဆောင်)ပါ အဆောက်အဦဖြစ်ပြီး ကျောင်းအုပ်ကြီး အဖြစ် ဦးစိန်ညွန့် က ဆောင်ရွက်ခဲ့ပါသည်။ ပန်တျာကျောင်း  နှင့်ပန်းချီပန်းပုကျောင်းကို ကျောင်းအုပ်(၁)ဦးတည်းမှ စီမံအုပ်ချုပ်ခဲ့သော်လည်း ၁၉၉၃-၁၉၉၄ ခု ဘဏ္ဍာရေးနှစ်မှစ၍ ပန်တျာကျောင်းအုပ်(၁) ဦးနှင့် ပန်းချီပန်းပု ကျောင်းအုပ်(၁)ဦး စီခွဲကာ သီးခြားအုပ်ချုပ်ခဲ့ပါသည်။ ၁.၈.၂၀၁၀ ရက်နေ့မှစ၍ အနုပညာဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ အနုပညာအထက်တန်းကျောင်း အဖြစ်ပြောင်းလဲဖွဲ့စည်း၍ ပန်တျာဌာန၊ ပန်းချီ ပန်းပုဌာနနှင့် စာပေဌာနတို့ပါဝင်ပြီး ဌာနစုအားလုံးကို လက်ထောက်ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး) ၏ ဦးဆောင်မှုဖြင့် လေ့ကျင့်ရေး နှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါသည်။

အနုပညာအထက်တန်းကျောင်း(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ နန်းရှေ့၊ ၂၀ x ၂၂ ကြား၊ ၆၆ လမ်းပေါ်တွင် တည်ရှိပြီး ၆.၄၅ ဧက ကျယ်ဝန်းပါသည်။