တက္ကသိုလ်သင်ကြားမှုစနစ်

ပညာသင်နှစ်အလိုက် ကျောင်းသားသစ်များ ခေါ်ယူခြင်း

သင်တန်းသားရွေးချယ်မှုစနစ်

နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင် နေ့စဉ်ထုတ်သတင်းစာများမှ ကြော်ငြာ ထည့်သွင်း၍ ကျောင်းသားသစ်များ ခေါ်ယူပါသည်။ သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်ကိုက်ညီသူများအား ဝင်ခွင့်စိစစ်ရေးအဖွဲ့က လူတွေ့ စစ်ဆေးပါသည်။ အနုပညာပင်ကိုယ် အရည်အသွေး၊  အနုပညာဗီဇနှင့် ဝါသနာ တို့အရ အထူးပြုဘာသာရပ်များ တက်ရောက်ခွင့်ပြုနိုင်ရန် စိစစ်ရွေးချယ်ပါသည်။

သင်တန်းဝင်ခွင့်အရည်အချင်း

  • တက္ကသိုလ်ဝင်စားမေးပွဲအားမည်သည့်ဘာသာတွဲဖြင့်မဆိုအောင်မြင်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီးသက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့်ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
  • အနုပညာဝါသနာပါသူဖြစ်ရမည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံ

ပညာသင်နှစ်အလိုက် အချိန်ဇယား

  • ပထမနှစ်ဝက် နိုဝင်ဘာလ (၁)ရက်မှ   မတ်လ (၃၁)ရက်အထိ
  • ကျောင်းပိတ်ရက် ဧပြီလ (၁) လ
  • ဒုတိယနှစ်ဝက် မေလ (၂)ရက်မှ           စက်တင်ဘာလ(၃၀)ရက်အထိ
  • ကျောင်းပိတ်ရက် အောက်တိုဘာလ (၁) လ

တက္ကသိုလ်မှသင်ကြားအပ်နှင်းသော ဘွဲ့/ဒီပလိုမာနှင့် သင်တန်းကာလ

     အပ်နှင်းသော ဘွဲ့များနှင့် သင်တန်းကာလ

  • ဝိဇ္ဇာဘွဲ့ (ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ရုပ်ရှင်) (၄) နှစ်

Bachelor of Arts (Music) (Dramatic Arts) (Painting) (Sculpture) (Cinema)

  • မဟာဝိဇ္ဇာဘွဲ့(ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ရုပ်ရှင်) (၂) နှစ်

Master of Arts (Music) (Dramatic Arts) (Painting)(Sculpture)(Cinema)

  • ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁) နှစ်
  • Postgraduate Diploma in Museology
  • ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာ (၁) နှစ်
  • Postgraduate Diploma in Applied Archaeology
  • ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ (၁) နှစ်
  • Postgraduate Diploma in Library Management
  • အချိန်ပိုင်းအနုပညာဒီပလိုမာ (၉) လ
  • (ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ဓာတ်ပုံ)
  • Diploma in Arts (Music) (Dramatic Arts) (Painting) (Sculpture) (Cinematography)
  • မှတ်ချက် ။ ။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်သင်ကြားပါသည်။
  • အနုပညာကွန်ပျူတာဒီပလိုမာ Diploma in Computer Arts        (၁၀) လ

ပညာသင်နှစ်အလိုက်သင်ကြားမှုပြက္ခဒိန်