သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်

သရေခေတ္တရာရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ ပြည်မြို့၊ ပြည် – ပေါင်းတလည် ကားလမ်းဘေး၊ မှော်ဇာရွာအနီး
ဖွင့်လှစ်သည့်ခုနှစ် ၁၉၈၂ ခုနှစ်၊ (အလျား ၁၀၀ ပေ၊ အနံ ၄၁ ပေရှိ ပြခန်း ၂ ဆောင်)
၂၀ဝ၀ – ၂၀ဝ၁ ခုနှစ် (အလျား ၇၀ ပေ၊ အနံ ၂၄ ပေ ရှိ ပြခန်း ၃ ဆောင်)
ခင်းကျင်းပြသထားမှု ပျူစာအထောက်အထားများ ပါရှိသည့်အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ အေဒီ ၁ရာစုမှ ၉ ရာစုအထိ တွေ့ရသော ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ်ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထု ပစ္စည်း များနှင့် ကြေးထည်ပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓ ဆင်းတုတော်များ၊
စာကြည့်တိုက်တွင် – မြန်မာ/အင်္ဂလိပ် – သတင်းစာများ၊ ဂျာနယ်များ၊ ဆောင်းပါးများ၊ မဂ္ဂဇင်းစာအုပ်များ၊ ရှားပါးအဖိုးတန်စာအုပ်၊
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/-
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ