လုပ်ငန်းတာဝန်များ

၁။ထုတ်လုပ်ဌာနခွဲသည် မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်း၊
၂။မျိုးဆက်သစ်များအား လက်တွေ့လက်ဆင့်ကမ်းသင်ကြား‌‌‌‌ေပေးခြင်း၊
၃။နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများနှင့် အခမ်းအနားများ ဧည့်ခံပွဲများတွင် ဖျော်ဖြေ တင်ဆက်ခြင်း၊
၄။အများပြည်သူများအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လှည့်လည်၍ မြန်မာအကအခြေခံ ကဗျာလွတ် အက များကို ဗဟိုနည်းပြ၊ ဆင့်ပွားနည်းပြသင်တန်းများဖွင့်လှစ် ပို့ချခြင်း၊
၅။မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာများ မတိမ်ကော၊ မပပျောက်စေရန် မဟာဗုဒ္ဓဝင် ဇာတ်တော် ကြီးများ၊ ပဒေသာအကများ နယ်လှည့်ကပြခြင်း၊
၆။မြန်မာ့အစဉ်အလာဇာတ်သဘင်များ၊ အငြိမ့်နှင့်ယိမ်းအကများကို ပြန်လည်ဖော်ထုတ်ခြင်း၊ ရှေးမူမပျက်စေဘဲ ပေါင်းစပ်အသစ်တီထွင်ခြင်း၊
၇။ဖျော်ဖြေတင်ဆက်မှုများကိုထုတ်လုပ်ပြီး ပြည်သူအကြားထိထိရောက်ရောက် ပြန့်ပွားစေရန် MRTV,MRTV(4),MWD & SKY NET တို့မှ ထုတ်လွှင့်နိုင်ရေး ဆက်စပ်ဌာန များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊
၈။နိုင်ငံတော်မှချမှတ်ထားသောစီမံကိန်း၊စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၉။ထုတ်လုပ်ဌာနခွဲမှ ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေးအတွက် ကဏ္ဍအလိုက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။