အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကို ယခင်က ယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်) အမည်ဖြင့် ၁၉၉၁ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ကျင်းပြုလုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ် ၃၇/ ၉၁ အရ အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်း အတွင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ၊ (၁၈)ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။