မွန်

မွန်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင်နေရာများ

ခရုံဂူ

ခရုံဂူသည် ထုံးကျောက်ဂူအမျိုးအစားဖြစ်ပြီး၊ အရှေ့လောင်ဂျီကျု ၉၇.၄၂’ နှင့် မြောက်လတ္တီတွဒ် ၁၆.၃၂’ အကြား၊ ခရုံရွာ၊ ကျိုက်မရော မြို့နယ်၊ မွန်ပြည်နယ်အနီးတွင် တည်ရှိပါသည်။ အတ္ထရံမြစ်အရှေ့ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ တွင် တည်ရှိပါသည်။

တောင်မှ မြောက် ၁၅၀ ပေနှင့် အရှေ့မှ အနောက် ၅၀ ပေ ရှည်လျားပါသည်။ (ဝင်ပေါက်မှ မူရင်းဂူ၏ နံရံအထိ တိုင်းထားခြင်းဖြစ်ပါသည်။) သဘာဝ ထုံးကျောက် လိုဏ်ဂူ ဖြစ်ပြီး၊ အတွင်းဘက် ကျောက်နံရံနှင့် အမိုးများပေါ်တွင် မြေမီးဖုတ်ဘုရား များကို ဖူးတွေ့နိုင်ပါသည်။ သဘာဝဘေး အန္တရာယ်များနှင့် လူများ၏ ဖျက်ဆီးမှုတို့ကြောင့် အချို့မြေမီးဖုတ်ဘုရားများ ပျောက်ဆုံးခြင်းများ ရှိပါသည်။ ဗုဒ္ဓရုပ်ပွားတော် စုစုပေါင်း (၆၅) ဆူရှိပြီး ၄င်းတို့အထဲမှ (၅)ဆူသည် နောက်သို့ မှီထားသော ဗုဒ္ဓရုပ်ပွားတော်များဖြစ်ပါသည်။ အဆိုပါဗုဒ္ဓရုပ်ပွား တော်များကို အသစ်ပြန်လည်ထားခြင်းများ ဖြစ်ပါသည်။

အုတ်များ၊ ကျောက်နှင့် ဂဝံ

အုတ်များ၊ ကျောက်နှင့် ဂဝံတို့ဖြင့် တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အအုံများ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မွန်ပြည်နယ်အတွင်း ဂဝံဖြင့် ဆောက်လုပ်ထားသော ရှေးဟောင်းအဆောက်အအုံများစာရင်းကို မှတ်တမ်းကောက်ယူ ထားပါသည်။ အထက်မြန်မာပြည် အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ သံလျင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး) နှင့် တွံတေးမြို့နယ်(ရန်ကုန်တိုင်းဒေသကြီး)တို့အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ အများစုသည် ဂဝံကျောက်ဖြင့် တည်ဆောက်ထားခြင်းများ ဖြစ်ပါသည်။