ကျောင်းဆင်းစွမ်းရည်ပြ လက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲ

ပညာသင်နှစ်အလိုက် ဘွဲ့ယူကြမည့် ကျောင်းသား၊ကျောင်းသူများ၏ ကျောင်းဆင်းစွမ်းရည်ပြ လက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲအခမ်းအနားကို နှစ်စဉ် သြဂုတ်/စက်တင်ဘာလ၌ ကျင်းပပြုလုပ်ရာ ပန်းချီ၊ပန်းပု အထူးပြု ကျောင်းသား၊ ကျောင်းသူ များ၏ လက်ရာမွန်ပန်းချီကား၊ ပန်းပုရုပ်တုများကို ပြသခြင်း၊ ဂီတ၊ သဘင် အထူးပြု ကျောင်းသား၊ကျောင်းသူများ၏ စွမ်းရည်ပြ စင်တင်တင်ဆက်ပွဲအခမ်းအနားကို ခမ်းနားစွာတင်ဆက်ခြင်း၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြုကျောင်းသား၊ကျောင်းသူများ အဖွဲ့ငယ်များအလိုက် ရိုက်ကူး တင်ဆက်သော ရုပ်ရှင်ကားများကို ပြသခြင်းတို့ကို ဆောင်ရွက်ပါသည်။