မြောက်လည် ရှေးဟောင်းနေရာဒေသ

မြောက်လည် ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်တွင် တည်ရှိသည်။ တူးဖော်မှုကို ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး တူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ မြေထည်ပစ္စည်းများ၊ သံလက်နက်များ၊ ကြေးလက်နက်၊ ယောက်သွားခွံ၊ ကြေးစည်းထုပ် စသည်တို့ကို တူးဖော်ရရှိသည်။