နိုင်ငံတကာ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ

တက္ကသိုလ်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီး ဌာနနှင့်အတူ ပြည်တွင်း၊ ပြည်ပယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မှုအစီအစဉ်များတွင် ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

တက္ကသိုလ်တွင် ပြည်ပနိုင်ငံများမှ အက၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်ပညာရှင်များ ၏  အနုပညာဆိုင်ရာ သရုပ်ပြတင်ဆက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အခါ အားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။

အိန္ဒိယရိုးရာအကပညာရှင်၊ ဂျပန်ပလွေပညာရှင်၊ အစ္စရေးလက်ထိုးရုပ်သေး ပညာရှင်၊ ကိုရီးယားဂန္ထဝင်တေးဂီတပညာရှင်၊ ဂျပန်အင်နီမေးရှင်းရုပ်ရှင် ပညာရှင်တို့၏ သရုပ်ပြတင်ဆက်မှုများ၊ အစ္စရေးရုပ်ရှင်ဒါရိုက်တာ၊ အမေရိကန် ရုပ်ရှင်ပညာရှင်၊ ချက်ရုပ်ရှင်ဇာတ်ညွှန်းပညာရှင်တို့၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ထိုင်း-မြန်မာ၊ တရုတ်-မြန်မာ၊ ဖိလစ်ပိုင်-မြန်မာ ပန်းချီပြပွဲများ၊ အင်ဒိုနီးရှား-မြန်မာ၊ တရုတ်-မြန်မာ၊ ဖိလစ်ပိုင်-မြန်မာ၊ ဗီယက်နမ်-မြန်မာ ရိုးရာအက ပူးပေါင်းဖျော်ဖြေတင်ဆက်မှုများကို ဆောင်ရွက်ခဲ့ပါသည်။

တက္ကသိုလ်မှ ပြည်ပလေ့လာရေးခရီးစဉ်များ၊ အနုပညာဖျော်ဖြေတင်ဆက်ပွဲ များ၊ အနုပညာပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အနုပညာ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှီးနှောဖလှယ်ပွဲများ၊ ပန်းချီပန်းပုပြပွဲများသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများကို စေလွှတ်တက်ရောက်စေခဲ့ပါသည်။

ဂျပန်အင်နီမေးရှင်းရုပ်ရှင်ပညာရှင်တို့၏ သရုပ်ပြတင်တက်မှုများ (၁၂-၁-၂၀၁၈)
Japan Music (၁၇-၁-၂၀၁၈)
Israel (၂၅-၁-၂၀၁၈)
Israel (၂၅-၁-၂၀၁၈)

လူငယ်ချစ်ကြည်ရေးအစီအစဉ်များ

BSRU (၁၆-၅-၂၀၁၆ မှ ၂၄-၅-၂၀၁၆)
BSRU (၁၆-၅-၂၀၁၆ မှ ၂၄-၅-၂၀၁၆)
BSRU (၈-၅-၂၀၁၇ မှ ၁၉-၅-၂၀၁၇)
BSRU (၈-၅-၂၀၁၇ မှ ၁၉-၅-၂၀၁၇)
BSRU (၁၂-၆-၂၀၁၈ မှ ၂၂-၆-၂၀၁၈)
BSRU (၁၂-၆-၂၀၁၈ မှ ၂၂-၆-၂၀၁၈)