ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ခြင်း

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တို့ ပူးပေါင်းလျက် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ဘွဲ့လွန်စာကြည့်တိုက်စီမံ ခန့်ခွဲမှုပညာဒီပလိုမာ သင်တန်းအမှတ်စဉ် (၁)ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းသို့ အစိုးရအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူများ တက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ (၁) နှစ် ဖြစ်ပြီး နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၂၀) နာရီအထိဖြစ်ပါသည်။ ပညာသင်ကာလကို (၁၀)လထားရှိပြီး ကျန်သော(၂)လကို စာတမ်းပြုစုခြင်းနှင့် စာကြည့်တိုက်များတွင် လက်တွေ့ သင်တန်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ကြရပါသည်။ သင်တန်းတွင် အမျိုးသားစာကြည့်တိုက်မှ အရာထမ်းများနှင့်ပြင်ပမှ စာကြည့်တိုက်ပညာနှင့် ဆက်စပ်ပညာရပ်ဆိုင်ရာ ပညာရှင်များက ခေတ်နှင့်လျော်ညီသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပါသည်။ သင်တန်းတက်ရောက် ပြီးစီး၍ အောင်မြင်ပြီးသူများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လွန် စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာ ဘွဲ့လက်မှတ် “Post Graduate Diploma in Library Management (PGDLM)”ပေးအပ်ပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာ သင်တန်း အမှတ်စဉ်(၅)ကို ဖွင့်လှစ်လျက် ရှိပါသည်။

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းများဖွင့်လှစ်မှုမှတ်တမ်းဓါတ်ပုံများ