လုပ်ငန်းတာဝန်

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် မြန်မာသမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်၍ တစ်ဆက်တစ်စပ်တည်းသောမြန်မာသမိုင်းကို ရေးသားပြုစုခြင်း၊ ထုတ်ဝေခြင်းများပြုလုပ်ရန်၊ ပြည်တွင်းပြည်ပမှ အထောက်အထား အချက်အလက်များ စုဆောင်းရှာဖွေစိစစ်ပေးရန်၊ သမိုင်းပညာရှင်များ ပြုစုပျိုးထောင်ရန်နှင့် စာကြည့်တိုက်စံ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိခြင်းနှင့်စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။