ရခိုင်

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင်နေရာများ

သျှစ်သောင်းဘုရား

မြောက်ဦးမြို့တွင် မင်းဘကြီး၏ ထုထည်ကြီးမားသော ဘုရားတစ်ဆူလည်း ဖြစ်ပါသည်။ နန်းတော်ရာနေရာ၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာနှင့် ပုပ်ဟောင်းတောင်၏ အနောက်ဘက်တွင် တည်ရှိပါသည်။ ဗုဒ္ဓရုပ်ပွားတော်ပေါင်း (၈၄၀ဝ၀) ဆူကို ဋ္ဌာပနာလည်းထားပြီး၊ (၈၄၀ဝ၀) ဆူကို အပြင်ဘက်တွင် ဖုံးအုပ်ထားပါသည်။ မြို့တော်ကို တိုက်ခိုက်ရန်လာကြသော ပေါ်တူဂီနှင့် ဘင်္ဂါ တိုက်ခိုက်သူများ၏ နယ်မြေ ၁၂ခုကို အောင်မြင်သော အထိမ်းအမှတ်အဖြစ် မင်းဘကြီးက တည်ထား ခဲ့ပါသည်။ အဆိုပါ သမိုင်းကြောင်းကြောင့်လည်း သျှစ်သောင်းဘုရားကို အောင်မြင်ခြင်းဘုရား (ရန်အောင်ဇေယျ)ဟုလည်း ခေါ်ဝေါ်ကြပါသည်။ အေဒီ ၁၅၃၆ တွင် မင်းဘကြီးက လက်မှုပညာရှင် ပေါင်း ၁၀ဝ၀ ဖြင့် တည်ထားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဂူဘုရားသည် ပင်မဘုရားနှင့် ဘေးပတ် ပတ်လည်တွင် စေတီအဆူပေါင်း (၂၆)ဆူဖြင့် တည်ထားသော ဂူဘုရားဖြစ်ပါသည်။ သျှစ်သောင်း ဘုရားအဝင်တွင် အာနန္ဒစန္ဒြကျောက်စာကိုလည်း တွေ့မြင်နိုင်ပါသည်။ အဆိုပါ မဏ္ဍိုင်ကို ဝေသာလီမှ ယခုနေရာသို့ မင်းဘကြီးက ပြောင်းရွှေ့ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် သျှစ်သောင်းဘုရားသည် ရခိုင်ယဉ်ကျေးမှုပြတိုက်တစ်ခုလည်း ဖြစ်ပါသည်။

လေးမျက်နှာဘုရား

ထုက္ကန်သိမ်၏ အနောက်မြောက်အရပ်နားတွင် လေးမျက်နှာဘုရား တည်ရှိပါသည်။ အပေါ် အမိုးခုံး ၄ ခုပါပြီး အခေါင်းပေါက်မဟုတ်သော ဘုရားဖြစ်ပါသည်။ အရပ်လေးမျက်နှာတိုင်းတွင် လူသွားရန်နေရာနှင့် အတွင်းပိုင်းတွင် ထောင့်ရှစ်ခုပါသော အခေါင်းများတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူစီ သီတင်းသုံးပါသည်။ ထောင့်ရှစ်ခုပါသော အလယ်နေရာတွင် ထပ်ဆင့်၍ ဆောက်လုပ် ထားသော အဆောက်အအုံကိုလည်း တွေ့နိုင်ပါသည်။ အေဒီ ၁၄၃၀ တွင် မြို့တော်အသစ်အဖြစ် မင်းစောမွန်မင်းက တည်ထားခဲ့သော ဘုရားများထဲမှ မင်္ဂလာရှိသော ဘုရားတစ်ဆူလည်း ဖြစ်ပါ သည်။ အစောပိုင်း ရခိုင်ဗိသုကာပညာရှင်များ၏ အောင်မြင်မှုများကိုလည်း အံ့သြဖွယ် တွေ့မြင်နိုင် ပါသည်။ အဆင်တန်ဆာဆင်ယင်မှုများမရှိဘဲ (၂၈) ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို စံနမူနာအဖြစ် အတွင်းအခန်းများရှိ မုခ်ကပ်တစ်ခုစီတွင် တစ်ဆူခြင်း တည်ထားမှုသည် သဗ္ဗုဒ္ဓေဂါထာကို ဖော်ညွှန်း၍ တည်ထားခြင်းဖြစ်ပါသည်။

ကိုးသောင်းဘုရား

စာပေကျမ်းဂန်အရ အဆိုပါဘုရား၏ အဓိပ္ပါယ်မှာ ဘုရားပေါင်း(၉၀ဝ၀ဝ) ဖြစ်ပါသည်။ အေဒီ ၁၅၅၃ တွင် မင်းတိက္ခာ က တည်ထားခဲ့ပါသည်။ သေးငယ်သော စေတီများသည် စင်္ကြံသုံးခုလုံးတွင် တည်ထားပါသည်။ အလယ်နေရာတွင် စေတီတစ်ဆူတည်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ ဘောဒါဘူဒေါ၏ ဗိသုကာပညာများ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ နောင်အနာဂါတ်တွင် ပွင့်မည့် မြတ်စွာဘုရားကို ရည်မှန်းပြီး (၈၄၀ဝ၀)သော ချီးကျူးဂုဏ်ပြုမှုများကို ဖော်ညွှန်းပြီး တည်ဆောက်ထားခြင်းဖြစ်ပါသည်။ (အတွင်း အပြင် ၉၀ဝ၀ဝ)

ထုက္ကန်သိမ်

မင်းဖလောင်းမင်း က အေဒီ ၁၅၁၇ တွင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါ ခေတ်ကာလတွင် အိမ်လဲသွားလျှင် ဝင်ရိုးဖြင့် ထောက်ထားမည်၊ မြို့တော်ပျက်စီးသွားလျက် ယက်မဖြင့် ထောက်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် စိတ်ချမ်းသာစေရန် ရည်ရွယ်ပြီး မြို့ဟောင်းပေါ်တွင် တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် ထုက္ကန်သိမ်ဟု အမည်ခေါ်ခြင်းလည်း ဖြစ်ပါသည်။ အဆောက်အအုံအတွင်းပိုင်းတွင် လူသွားစင်္ကြံ နှစ်ခုရှိပါသည်။ သရဖူ၊ ခေါင်းစီးတန်ဆာ၊ ဆံပင် ထုံးဖွဲ့မှု၊ လည်ဆွဲ၊ နားဆွဲ၊ ဘယက်၊ လက်ပတ်၊ လက်စွပ်၊ ဆံညှပ်၊ တွယ်ချိတ်၊ အပေါ်ဖုံး အဝတ်အစား၊ စလွယ်၊ ခါးစည်းစသည့် အဆင်တန်ဆာများနှင့် ဝတ်စားဆင်ယင်မှုများကို လေ့လာခြင်းဖြင့် မြောက်ဦးခေတ်လယ်အတွင်း လူသားများ ဝတ်စားဆင်ယင်မှုများနှင့် ဆက်စပ်မှုကို သိနိုင်ပါသည်။ အဆိုပါဘုရားသည် ကျောက်ပြားများဖြင့် ကြမ်းခင်း၊ အမိုး၊ အမိုးခုံးများဖြင့် တည်ဆောက်ထားသော အဆောက်အအုံဖြစ်ပါသည်။

ချိန်ကိုက်ပိဋကတ်တိုက်(သို့မဟုတ်) ချိန်ကိုက်စာကြည့်တိုက်

ချင်ကိုက်ပိဋကတ်တိုက် (စာကြည့်တိုက်)သည် ထူပါရုံဘုရား၏ မြောက်ဘက်တွင် တည်ရှိ သည်။ မြောက်ဦးဒေသအတွင်း စာကြည့်တိုက် လေးဆယ့်ရှစ်ခုအနက် ကျန်ရှိနေသော စာကြည့်တိုက် တစ်ခုဖြစ်ပါသည်။ အဆောက်အအုံ၏ ထောင့်တစ်စုစီသည် ကွေ့ကောက်နေပြီး ခွက်နေသော တံတိုင်း များသည် ကြာပန်းပွင့်နေပုံနှင့် တူပါသည်။ အပြင်ပိုင်းတွင် လက်ရာကောင်းမွန်သည့် ကျောက်ဆစ် လက်ရာဖြင့် မြင်တွေ့နိုင်ပါသည်။ မင်းဖလောင်းဘုရင်မှ တည်ဆောက်ခဲ့ပြီး တိပိဋကတ်စာများကို ထိန်းသိမ်းရန်အတွက် ဖြစ်ပါသည်။

အံတော်သိမ်

ပထမဆုံး မင်းလှရာဇာစောမွန်က ၁၅၂၁ အေဒီတွင် တည်ထားခဲ့ပြီး ၁၅၉၆ အေဒီတွင် မွန်ရာဇာကြီးဘုရင်က အဟောင်းကို ငုံ၍ပြန်လည် တည်ဆောက်ခဲ့သည်။ အဓိက ဂူမကြီး၏ အရှေ့ဘက် ဘေးတစ်ဖက်စီတွင် ဆုတောင်းခန်း ပါရှိပါသည်။ ဂူအတွင်းပိုင်းတွင် ကျောက်ခင်းလမ်း နှစ်ခုရှိသည်။ အလယ်မဏ္ဍိုင်သည် ရှစ်မြှောင့်ပုံသဏ္ဍာန်ရှိပြီး မျက်နှာတစ်ဖက်စီတွင် မုခ်ကပ်နှင့် ဆင်းတုတော်တစ်ခုစီရှိပါသည်။

လင်ပန်းပြောက်စေတီ

စေတီတစ်ခုလုံးကို ကျောက်ဖြင့် တည်ဆောက်ထားသည်။ ၁၅၂၅ အေဒီတွင် မွန်ကောင်းရာဇာ ဘုရင်က တည်ဆောက်ခဲ့သည်။ တံတိုင်းပတ်လည်တွင် စဉ့်ပန်းများဖြင့် တန်ဆာဆင်ထားပြီး ရင်ပြင် ကြမ်းခင်းအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စမ်းသပ်တူးဖော် တွေ့ရှိမှု အရ စဉ့်များဖြင့် ကြမ်းခင်းခဲ့မှုကို တွေ့ရှိရပါသည်။