လုပ်ငန်းတာဝန်များ

၁။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ဖျော်ဖြေတင်ဆက်ခြင်း၊
၂။ လူငယ်ထုအတွင်း သရုပ်ပျက်ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကို ယဉ်ကျေးမှု ကိုယ်ခံအားကောင်းစေရန် ပြုစုပျိုးထောင်ပေးမည့် ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ခြင်း၊
၃။ ဇာတ်ရုံဌာနခွဲရှိ ဇာတ်ရုံအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း များ အားပြည်ပနိုင်ငံများ၏ ဇာတ်ရုံများ ဖွဲ့စည်းတည်ဆောက်မှုနှင့် ခေတ်မီ နည်းပညာအထောက်အကူပစ္စည်းများကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုထိန်းသိမ်း တတ်စေ ရန်အတွက် ပြည်တွင်းပြည်ပသင်တန်းများသို့ တက်ရောက်၍ စနစ်တကျ လေ့ကျင့် ဆောင်ရွက်ခြင်း၊
၄။ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုဖျော်ဖြေပွဲများ ကျင်းပရာတွင် တင်ဆက်ကပြမည့် ဖျော်ဖြေရေး အစီအစဉ်နှင့် လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ခြင်း၊
၅။ ဇာတ်ရုံအဆောက်အဦနှင့် ဆက်စပ်ပစ္စည်းများ ကြံ့ခိုင်မှုရှိရန်၊ သန့်ရှင်းရေးပုံမှန် ပြုလုပ်ပြီး ကြံ့ခိုင်မှုကို စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်ခြင်း၊
၆။ နိုင်ငံတကာ ယဉ်ကျေးမှုအနုပညာရပ်များ ပူးပေါင်းဖလှယ်ဖျော်ဖြေတင်ဆက်ခြင်း၊ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ဆောင်ရွက်ခြင်း၊
၇။ ပြောင်းလဲတိုးတက်လျက်ရှိသော ခေတ်မီနည်းပညာများကို ဇာတ်ရုံများတွင် ဖြည့်ဆည်း အသုံးပြုခြင်းနှင့် ဇာတ်ရုံဝန်ထမ်းများ၏ အရည်အသွေး အစီအစဉ် တိုးတက်အောင် ဆောင်ရွက်ခြင်း။