ကွင်းဆင်းသုတေသနလုပ်ငန်းများ

Next Page

ကွင်းဆင်းသုတေသနလုပ်ငန်းများဆောင်ရွက်မှုပြီးစီးမှုအခြေအနေ (၂၀၁၈)

          သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် သမိုင်းဆိုင်ရာ အထောက်​အထား အချက်အလက်များကို ခိုင်မာသည်ထက် ပိုမိုခိုင်မာစေရန်အတွက် မြေပေါ်မြေအောက် အထောက်အထားများအား ကွင်းဆင်းသုတေသနပြုလုပ်ရန်အတွက် စီမံချက်များ ရေးဆွဲကာ ခေတ်အလိုက်ခွဲခြား၍ ကွင်းဆင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

အဖွဲ့ဝင်အမည်

ကွင်းဆင်းခရီး

သွားရောက်သည့် ဒေသ

နေ့ရက်

(၁)

ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာသမိုင်းအဖွဲ့နှင့် အဖွဲ့ဝင်(၄)ဦး ပါဝင်သောအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့ဟောင်းနှင့်အနီးဝန်းကျင် ဒေသများသို့ ကွင်းဆင်း သုတေသနပြုလေ့လာရန်

(၇-၂-၂၀၁၈) မှ

(၁၃-၂-၂၀၁၈)ထိ

(၂)

ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ(၂)

မြန်မာသမိုင်းအဖွဲ့နှင့် အဖွဲ့ဝင်(၆)ဦး ပါဝင်သောအဖွဲ့

ချင်းပြည်နယ်ဒေသရှိ ကျောက်ခေတ်သစ်နှင့် ပတ်သက်သည့် အထောက်အထားများနှင့် ရှေးဟောင်း ကျောက်ဂူများကို ကွင်းဆင်းသုတေသနပြု လေ့လာရန်

(၁၆-၂-၂၀၁၈)မှ (၂၂-၂-၂၀၁၈) ထိ

(၃)

ဦးနီတွတ် အဖွဲ့ဝင်၊ မြန်မာသမိုင်းအဖွဲ့ နှင့် အဖွဲ့ဝင် (၂)ဦး ပါဝင်သောအဖွဲ့

ပုဂံစေတီပုထိုးများရှိ ပုဂံခေတ် ကျောက်ဆစ် လက်ရာများကို ကွင်းဆင်းသုတေသနပြု လေ့လာရန်

(၁၆-၂-၂၀၁၈)မှ (၂၅-၂-၂၀၁၈)ထိ

(၄)

ဦးခင်မောင်ဆွေ လ/ထညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၁)ဦး ပါဝင်သောအဖွဲ့

မန္တလေးမြို့၊ မဟာမြတ်မုနိ တံတိုင်းအတွင်းရှိ ကျောက်စာရုံမှ ကျောက်စာတိုင်များအား သုတေသနပြုခြင်း

(၂၁-၃-၂၀၁၈)မှ (၃၀-၃-၂၀၁၈)ထိ

(၅)

မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်၊ ဦးသိန်းလှိုင် ဦးဆောင်သော အဖွဲ့ဝင် (၃)ဦး ပါဝင်သည့် ကွင်းဆင်း သုတေသနအဖွဲ့

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အနီးပတ်ဝန်းကျင် ဒေသများသို့ ကွင်းဆင်းခရီး သွားရောက်ခြင်း

(၂၂-၅-၂၀၁၈)မှ

(၂၇-၅-၂၀၁၈)ထိ

(၆)

မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်၊ ဦးစံဝင်း ဦးဆောင်သော အဖွဲ့ဝင် (၃)ဦး ပါဝင်သည့် ကွင်းဆင်းသုတေသနအဖွဲ့

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပေါင်မြို့နယ်နှင့် သထုံခရိုင်တို့ အတွင်းရှိ မုတ္တမ (၃၂)မြို့ဝင် မြို့ဟောင်းများသို့ ကွင်းဆင်းခရီးသွားရောက်ခြင်း

(၁-၆-၂၀၁၈)မှ

(၁၂-၆-၂၀၁၈)ထိ

(၇)

မြန်မာသမိုင်းအဖွဲ့၊အတွင်းရေးမှူး  ဒေါက်တာကျော်ဝင်း ဦးဆောင်သော အဖွဲ့ဝင် (၄)ဦး ပါဝင်သည့် ကွင်းဆင်း သုတေသနအဖွဲ့

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ဟောင်းနေရာများသို့ ကွင်းဆင်းခရီး သွားရောက်ခြင်း

(၁၁-၁၁-၁၈) မှ (၁၉-၁၁-၁၈) ထိ

(၈)

ဦးအောင်မြင့်၊ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့ဝင် (၄) ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တကောင်းမြို့ ဟောင်း၊ ဟန်လင်းမြို့ဟောင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဗန်းမောက်မြို့တို့ရှိ ပျူခေတ် အထောက်အထားများအား ကွင်းဆင်းလေ့လာခြင်း

(၄-၁၂-၁၈) မှ

(၁၀-၁၂-၁၈) ထိ

(၉)

ဦးနီတွတ် အဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့ ဦးဆောင်သော အဖွဲ့ဝင်(၃)ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့

စလေဒေသ၊ ပခန်းငယ်နှင့် ဆားလယ်ဒေသများရှိ ပုဂံခေတ်သာသနိက အဆောက်အအုံများအား ကွင်းဆင်းလေ့လာခြင်း

(၃-၁၂-၁၈) မှ

(၁၀-၁၂-၁၈) ထိ

(၁၀)

ဦးစံဝင်းအဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့ ဦးဆောင်သော အဖွဲ့ဝင်(၃)ဦး ပါဝင် သည့် ကွင်းဆင်းသုတေသနအဖွဲ့

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှိ ဂျိုင်းမြို့ဟောင်း၊ ဘင်လှိုင် မြို့ဟောင်း၊ မြိုင်မြို့ဟောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြို့ဟောင်းနှင့် ဝင်းယော် မြို့ဟောင်းနေရာများသို့ ကွင်းဆင်းလေ့လာခြင်း

(၁၇-၁၂-၁၈) မှ

(၂၆-၁၂-၁၈) ထိ

ကွင်းဆင်းသုတေသနသွားရောက်မှုမှတ်တမ်းဓါတ်ပုံများ