မုံထူး ရှေးဟောင်းနေရာဒေသ

အခြားစိတ်ဝင်စားဖွယ်ကောင်းသော ကြေးခေတ်ရှေးဟောင်းနေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် တည်ရှိသည်။ ထိုရှေးဟောင်းနေရာကို မုံထူးဟုခေါ်သည်။ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုများအရ အရိုးစုများ၊ အရိုးအပိုင်းအစများ၊ ကြေးလက်နက်များ၊ အရိုး နှင့် ကျောက်ပုတီးစေ့၊ အိုးပုံစံအမျိုးမျိုးတို့ကို တွေ့ရှိရသည်။