နယ်လှည့် ဖျော်ဖြေတင်ဆက်ခြင်း

၁။ ပခုက္ကူမြို့၊ သီဟိုဠ်ရှင် ဇာတ်ရုံ၌ ၂.၁၀.၂၀၁၇ရက်နေ့မှ ၄.၁၀.၂၀၁၇ရက်နေ့အထိ ပဒေသာ ယိမ်းအကများ၊ မျက်လှည့်အစီအစဉ်၊ သီရိဝံသရာဇဝင်ဇာတ်ကြီး၊ မဟာဗုဒ္ဓဝင် တောထွက်ခန်း ဇာတ်တော်ကြီး တို့ဖြင့် ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်ခြင်း၊

၂။ ကျိုက္ခမီမြို့၊ သီရိဇေယျာဇာတ်ရုံ၌ ၇.၁၀.၂၀၁၇ရက်နေ့မှ ၉.၁၀.၂၀၁၇ရက်နေ့အထိ ပဒေသာ ယိမ်းအကများ၊ ဟာသတစ်ခန်းရပ်ပြဇာတ်၊ မျက်လှည့်အစီအစဉ်၊ မဟာဗုဒ္ဓဝင်လေးတော်တင် ခန်း ဇာတ်တော်ကြီးတို့ဖြင့် ပြည်သူများအား အခမဲ့ ဖျော်ဖြေတင်ဆက်ခြင်း၊

၃။ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ ၃.၃.၂၀၁၈ ရက်နေ့မှ ၄.၃.၂၀၁၈ရက်နေ့အထိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအား ရွှေရောင်စတီး သင်္ကန်းဆက်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် ရတနာစိန်ဖူးတော် တင်လှူပွဲ အခမ်းအနားတွင် ပဒေသာယိမ်းအကများ၊ ဟာသတစ်ခန်း ရပ်ပြဇာတ်၊ မျက်လှည့်အစီအစဉ်၊ နှစ်ပါးခွင်အစီအစဉ်၊ မဟာဗုဒ္ဓဝင်လေးတော်တင်ခန်း ဇာတ်တော် ကြီးတို့ဖြင့် ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်ခြင်း၊

၄။ ပုဂံမြို့၊ သီရိပစ္စယာကွင်း၌ ၃.၉.၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ ညောင်ဦးမြို့၊ ရွှေစည်းခုံ ဘုရားအနီး အားကစားကွင်း၌ ၅.၉.၂၀၁၈ရက်နေ့တွင်လည်းကောင်း ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းနိုင်ရန် ပုဂံဒေသနေ ပြည်သူလူထုအား အသိပညာပေးရေးအတွက် ဖျော်ဖြေ တင်ဆက်ခြင်း၊

၅။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လေးကျွန်းမာန်အောင် ဖောင်တော်ဦး ရေကြည် အနောက်ဘုရားတွင် ၂၃.၃.၁၉ ရက်နေ့မှ ၂၅.၃.၂၀၁၉ ရက်နေ့အထိ ရွှေရောင်စေတီ သင်္ကန်း ဆက်ကပ်ခြင်း၊ စေတီပေါင်း ၅၄ ဆူအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်ပွဲ အခမ်းအနား၍  ပဒေသာယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတအစီအစဉ်၊ မျက်လှည့် အစီအစဉ်၊ မဟာဗုဒ္ဓဝင်ဖွားတော်မူခန်းဇာတ်တော်ကြီး၊ မဟာဗုဒ္ဓဝင်လေးတော်တင်ခန်း ဇာတ်တော်ကြီး၊ ဟာသတစ်ခန်းရပ်ပြဇာတ်၊ ရွှေမြန်မာအငြိမ့်ခန်းအစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊

၆။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ထိုင်တော်မူ ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော် ဗုဒ္ဓဘိသေက အနေကဇာတင် အောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားတွင် မြန်မာ့တေးဂီတထိုင်ဆိုဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း။