ကမ်းပါးနီကျောက်မိုးပြင်

      ကျောက်နံရံပန်းချီများ ရေးဆွဲထားသည့် ကမ်းပါးနီကျောက်မိုးပြင်နေရာသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကမ်းပါးနီးကျေးရွာ၏ မြောက်ဘက် (၂.၃)မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ စမ်းသပ်တူးဖော်ခြင်းနှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်များတွင် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ် တူးဖော်ခြင်းမှ ကျောက်လက်နက်အပိုင်းအစအချို့နှင့် ကျောက်နံရံများပေါ်တွင် ပန်းချီများ ရေးဆွဲရာ၌ အသုံးပြုသော မြေနီခဲအပိုင်းအစများနှင့် အိုးခြမ်းကွဲ အပိုင်းအစများ တူးဖော်ရရှိ ခဲ့သည်။ ကမ်းပါးနီ ကျောက်မိုးပြင်၌ ရေးဆွဲထားသည့် ကျောက်နံရံပန်းချီပုံများမှာ ဆင်ရုပ်ပုံ၊ လက်ဝါးပုံ၊ ပင့်ကူရုပ်ပုံ တို့ဖြစ်ပြီး ဦးစီးဌာနမှ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက် ထားသည်။

      ခရီးသွားဧည့်သည်များအနေဖြင့် ကမ်းပါးနီကျောက်မိုးပြင် နံရံပန်းချီများရှိရာသို့ ရေလမ်း အနေဖြင့် ကင်းတာဖြတ်၍ ရွာဆိုးပြင်ကျေးရွာမှ တောင်တက်ခရီးဖြင့်လည်းကောင်း၊ ဝမ်းတွင်း မြို့နယ်၊ လှည်းခံကျေးရွာမှ တောင်တက်ခရီးဖြင့်လည်းကောင်း၊ ဝမ်းတွင်းမြို့နယ်၊ လှည်းခံ ကျေးရွာမှ တောင်တက်ခရီးဖြင့်လည်းကောင်း လမ်းနှစ်သွယ်ဖြင့် သွားရောက်နိုင်ပြီးဖြစ်ပါသည်။