စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်း

စာပေပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း

စာပေယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထားမှတ်တမ်း တို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက်ဆိုးရွားစွာပျက်စီးမှု မဖြစ်အောင် တားဆီး ခြင်း၊ ဆိုးရွားပျက်စီးလာလျှင်လည်း ဆက်လက်ပျက်စီးမှုမဖြစ်စေရန် စာပေပစ္စည်း ပြုပြင် ထိန်းသိမ်းရေးနည်းစနစ်များ အသုံးပြု၍ အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပါသည်။

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင်စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုး မဖြတ်နိုင်သော စာပေပစ္စည်းများအား Digital Form အဖြစ်ပြောင်းလဲပြီး e-Book, e-Periodical အဖြစ်လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၃ ခုနှစ်က စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။